အပိုင်း၈

7.9K 564 19
                                    

တစ်ဖက်ကိုလှည့်ကာစူးစိုက်ကာကြည့်တဲ့ သူမအကြည့်တွေက ရုန်းထွက်ချင်စရာမကောင်းလောက်အောင်ကိုလှပလွန်းလှသည်။ တီလေးအကြည့်တွေက ပင်လယ်ပြာပြာဖြစ်မယ်ဆို လှေငယ်လေးတစ်စင်းနဲ့ရွက်လွှင့်ကာသွားချင်မိတယ် မုန်တိုင်းတွေ ထန်ရင်လည်းထန်မယ်၊အေးချမ်းလှတဲ့ နေဝင် ၊နေထွက်ချိန်ရဲ့ဆည်းဆာအလှကိုလည်းငေးကြည့်ခွင့်ရရင်လည်းငေးကြည့်ခွင့်ရမယ်။ ပြီးတော့ ပျံဝဲနေတဲ့ ပင်လယ်ဇင်ယော်ငှက်ကလေးတွေနဲ့အတူပျံသန်းခွင့်ရချင်လည်းရမယ် ကံမကောင်းလို့များ ရာသီဥတုထန်စေဦးတော့ အနည်းဆုံးတော့ တီလေး ဆိုတဲ့အတွေးပင်လယ်မှာ မပူမပင်ပဲနစ်မြုပ်သွားခွင့်ရဦးမှာပါပဲ ။ နီးကပ်နေ တဲ့သူမရဲ့ နှုတ်ခမ်းကလေးတွေကိုစူးစိုက်ကြည့်တယ် ဒီရင်ရဲ့ ပင်လယ်ပြင်မှာ ငါးလေးတွေခုန်နေပြီ ။ နီးကပ်လာတဲ့တီလေးရဲ့နှုတ်ခမ်းတွေဆီ ကျမကူးခတ်ကာသွားနေမိ၏ ။ ကိုင်ထားတဲ့လက်ကလေးနဲ့ခါးလေးဆီအာရုံမရောက်ချေတော့ဘူး နီးရက်နဲ့ဝေးဆိုတာ ဒီအရာကိုဆိုရမလားပဲ။ တီလေးဆီရောက်ဖို့များကြာလိုက်တာ ကောင်းကင်ကြီးရဲ့အဆုံးကိုထိတွေ့ချင်မိလို့ အမြင်တစ်ဆုံးပြေးကာလိုက်နေရသလိုပဲ ။မြင်တော့မြင်နေရတယ်  လိုက်လည်းလိုက်နေတယ် ပြီးတော့ ထိတွေ့ရဖို့ကဝေးလွန်းနေသလို ။မျက်စီရှေ့လေးမှာတင်ရှိနေတဲ့ နဖူးပြင်ကျယ်ကျယ်လေး၊ ကွေးနေတဲ့မျက်ခုံးလေးတွေ စူးရှတဲ့မျက်ဝန်းကလေးတွေ ၊ မို့ပြီးအိနေတဲ့ပါးလေးတွေပြီးတော့စင်းနေတဲ့နှာတံငယ်ကလေးနောက်ပြီးတော့ခပ်ဖွဖွလေးဟကာထားတဲ့နူးညံ့ပြီးရဲနေတဲ့နှုတ်ခမ်းလေးတစ်စုံ ဒါတွေကဝေးလိုက်ပုံများ ကျမရဲ့အမြင်တစ်ဆုံးကိုပြေးကာလိုက်နေရသလိုပါပဲ။

" အိုး...မြတ်စွာဘုရားရှင် တီလေးအဆင်သင့်မဖြစ်သေးဘူးပဲ"

အာမေဋိတ်အသံလေးနဲ့အတူစကားဆိုလိုက်ကာဆတ်ခနဲ့ထကာသွားတဲ့ သူမက အသက်ကလေးကိုရှိုက်ကာရှူရင်း အိပ်ယာရဲ့တစ်ဖက် အခန်းရဲ့ခေါင်းရင်းလေးက ပြတင်းပေါက်ငယ်ကလေးမှာမတ်တပ်ရပ်လိုက်တယ်။ သူမရဲ့နှုတ်ခမ်းကလေးတွေကို ဘယ်ဘက်လက်ကလေးရဲ့လက်ဖမိုးလေးနဲ့ဖွဖွလေးကပ်ကာထား၏။ရှက်သွေးဖြာနေတဲ့မျက်လုံးကလေးတွေသူမဆီမှာရှိနေမယ်ဆိုတာ သိပါရဲ့။ ဒီဘက်ကိုအတော်နဲ့လှည့်မလာချေဘူး။ရှက်စဖွယ်ကျန်ခဲ့ရတဲ့ကျမရင်ထဲမှာစိုးတထိတ်ထိတ်ဖြစ်မိသည်။ ပန်းတိုင်ကအလံတိုင်ငယ်ကိုကိုင်ဖို့လက်တစ်ကမ်းလေးလိုကာမှဒိုင်လူကြီးက အစမ်းပွဲစဥ်မို့အစကနေပြန်နေရာယူပါဦးတဲ့လား ဒါကလေ သိပ်ကိုအခံပျင်းစရာကောင်းသလို သိပ်ကိုလဲရှက်စရာကောင်းတယ်။ဒီပြိုင်ပွဲမှာနောက်တစ်ကြိမ်များတာကနေပြန်ထွက်ရရင် တလူလူလွင့်နေတဲ့ဒီအလံတိုင်လေးနားကို ကျမအရင်မရောက်မိမှာကိုစိုးထိတ်မိတယ်။

Sunflower🌻Where stories live. Discover now