အပိုင်း၉

2.1K 71 0
                                    

" တီလေးနိုးပြီလား"

"အင်း ဘာတွေလုပ်နေတာလဲ"

" ပေါင်မုန့်နဲ့ကြက်ဥလေးကြော်ပေးနေတာ ပြီးကြကော်ဖီဖျော်ပေးမယ်နော် ။မျက်နှာသစ်ချင်ရင်
ဟိုဘက်ခန်းထဲမှာ သွားတိုက်တံအသစ်ကလေးရှိတယ်နော်"

"ဟင့်အင်းမယူတော့ဘူး တီလေးသွားတိုက်တံပါလာတယ်ကလေးလေး"

"ဟုတ်"

လင်းတစ်ယောက် မျက်နှာသွားသစ်ပြီးပြန်ထွက်လာခဲ့လေသည်။ မီးဖိုခန်းချောင်ခန်းထဲကိုဝင်လာပေမယ့် ရာရာတစ်ယောက်မရှိချေ။ စားပွဲပေါ်မှာကော်ဖီပူပူလေးနှင့် ပေါင်မုန့်ကြော်လေးတွေ့တာကြောင့်လင်းထိုင်စားခဲ့၏။

"စားလို့ကောင်းတာပဲ ငယ်ပေမယ့်လည်းမင်းက စုံနေအောင်တတ်တာပဲကွယ်"

နေရောင်ခြည်လေးထွက်နေပေမယ့်ညကရွာထားတဲ့မိုးကြောင့်ကောင်းကောင်းတော့မသာယာလှသေးပါဘူး။ ကော်ဖီခွက်ကလေးနဲ့ ပေါင်မုန့်ကြော်ပန်းကန်လေးကိုယူကာဧည့်ခန်းလေးဆီလာခဲ့၏။ ပြတင်းပေါက်ငယ်လေးရဲ့တစ်မျက်နှာချင်းဆိုင်ကခုံလေးပေါ်တွင်ထိုင်ခဲ့သည်။ ဆံပင်လေးကိုလှန်တင်ကာထားပေမယ့်သူမရဲ့ဘေးနဖူးပြင်အစပ်ကလေးက တိုနေတဲ့ဆံစလေးတွေကိုမမှီလှဘူး သူတို့ကလင်းရဲ့ပါးပြင်လေးထက်တွင်ဖြာကာကျနေသည်။ချထားတဲ့ခြေထောက်ကလေးတွေကိုခုံလေးပေါ်ကိုယုတ်ကာတင်လိုက်သည်။ ဒူးလေးတွေကိုထောင်ရင်းမေးလေးတင်ကာ ကော်ဖီခွက်ဖြူဖြူလေးကိုလက်ကလေးတစ်ဖက်ကိုင်ထားကာလမ်းမထက်ကသွားလာနေတဲ့ လူတွေကိုငေးကြည့်မိသည်။ အိပ်ယာနိုးတဲ့အချိန်ငေးရတာက ငေးလို့အကောင်းဆုံးမလား။မိုးရေတင်နေတဲ့လမ်းမထက်မှာဆိုင်ကယ်တွေကားတွေဖြတ်သွားနေတာ ။ မိုးကာစိမ်းစိမ်းကြီးတွေအုပ်ထားတဲ့ကုန်ကားကြီးတွေ၊ရေအိုင်ငယ်လေးတွေကိုနင်း နင်းကာသွားတဲ့ဆိုင်ကယ်လေးတွေ၊ဘာတွေအော်ကာရောင်းနေမှန်းမသိတဲ့လမ်းလျှောက်ဈေးသည်လေးတွေ ကားဟွန်းသံတွေ ပြီးတော့ အိမ်တစ်စက်မိတ်ကနေ တစ်ပေါက်ချင်းကျနေတဲ့ရေစက်ကလေးတွေ လင်းတစ်ယောက်အိမ်ကိုလွမ်းလာချေပြီ။ ကော်ဖီရနံ့လေးကလင်းရဲ့အေးစက်စက်နှာသီးဖျားကလေးမှာပြီးတော့ ပေါက်မုန့်ကြော်လေးဆီက ဆီညှော်နံ့လေး။

Sunflower🌻Where stories live. Discover now