အပိုင်း၃၁

5.8K 518 12
                                    

မနက်၇နာရီလောက်ရှိတော့ကျမတို့တစ်ခြားမြို့တစ်မြို့ကိုရောက်တယ်။ကားပေါ်ကနေဆင်းပြီးဆိုင်မှာရေသန့်ဝယ်ကာမျက်နှာသစ်ရသည်။

"လင်း ဗိုက်ဆာနေလားဟင်"

ခေါင်းလေးငြှိမ့်ကာပြတဲ့သူမရဲ့မျက်နှာနဲ့လက်တွေကဒဏ်ရာတွေကရောင်ကာညိုမဲလေးများစွဲနေသည်။

"ဟိုနားကဆိုင်လေးမှာထိုင်ရအောင်နော်"

ကားဂိတ်နားကအသုပ်ဆိုင်လေးရဲ့အတွင်းဘက်ကခုံလေးမှာထိုင်လိုက်တယ်။တို့ဟူးသုပ်ကြိုက်တတ်တဲ့သူမဖို့ထမင်းဖြူလေးနဲ့တွဲကာမှာပေးရသည်။လင်းကတို့ဟူးသုပ်ဆိုရင်းထမင်းဖြူပူပူလေးနဲ့ဆိုသိပ်ကြိုက်တာ။သူစိမ်းတွေပဲရှိတဲ့မြို့မှာ ဟိုဟိုဒီဒီကြည့်ရုံကလွဲရင်ဘယ်သူ့ကိုမှဂရုစိုက်စရာမရှိဘူး။မြို့ထဲကိုအရမ်းမရောက်သေးတော့တိုက်အမြင့်ကြီးတွေတော့မရှိပါလမ်းဘေးဆိုင်လေးတွေနှင့်အိမ်ငယ်ကလေးတွေသာခပ်ကျဲကျဲလေးရှိသည်။

" ဒီမှာနော်ညီမလေးတို့မှာထားတာလေး"

ဆွပ်ကျယ်ဖြူဖြူနဲ့ပုဆိုးပြာပြာဝတ်ထားတဲ့ဆိုင်ကအကိုတစ်ယောက်ကမှာထားတာလေးတွေလာချပေးသည်။ထမင်းဖြူလေးတစ်ပွဲနှင့်တို့ဟူးသုပ်တစ်ပွဲ၊ခေါက်ဆွဲသုပ်တစ်ပွဲနှင့်ဟင်းချိုလေးတစ်ပွဲပါ၏။
တစ်ခါမျှမရောက်ဖူးသည်မို့စားနေရင်းရာရာတစ်ယောက်ဟိုဟိုဒီဒီကိုငေးကာကြည့်မိသည်။ဖြတ်သွားဖြတ်လာလူတစ်ချို့ဟာလင်းကိုထူးဆန်းစွာလှည့်ကြည့်လှည့်ကြည့်နှင့်သွားကြသည်။လင်း၏မျက်နှာလေးပေါ်ကဒဏ်ရာလေးများကြောင့်ဖြစ်၏။

"လင်း စားမကောင်းလို့လားဟင်"

ဟင်းချိုလေးချည်းသောက်ကာ ထမင်းလေးကိုတစ်ဇွန်းခန့်သာခပ်စားထားပြီး အသုပ်ကလေးဟာလည်းလျော့နည်းကာမသွားချေ။

" ကောင်းပါတယ်မောင်ရဲ့"

"ဒါဆိုဘာလို့မစားတာလဲလင်းရယ်"

"လင်းပါးလေးတွေနာနေလို့"

ခပ်ရေးရေးလေးပြုံးရင်းပြောလိုက်တဲ့လင်းစကားလုံးလေးတွေကြောင့်ရာရာ ချက်ချင်းဆိုသလိုမျက်ရည်လေးလည်မိသည်။ သူမကြိုက်တဲ့အစားအစာလေးရှေ့မှာရှိနေတာတောင်သူမခမျာမစားနိုင်ဘူး။

Sunflower🌻Where stories live. Discover now