[Unicode]
"တည်ကြည်! ငါ မင်းဘေးကုတင်မှာနေမှာ""ဟေ အေး နေ-"
"မနေရပါဘူး! ငစွမ်း! ငါနဲ့ရှင်ခန်းပြတ်ချင်ရင် လုပ်လိုက်နော်"
အခန်းထဲရောက်သည်အထိ ရန်ဖြစ်မပြတ်နိုင်သေးသူနှစ်ယောက်ကြားတွင် စော စိတ်လေနေရသည်။ အဆောင်က အခန်းကျယ်ကြီးကို hall လို လှပ်ထားကာ နောက်ဖေးမှာ အိမ်သာသုံးလုံးရှိသည်။ ထိုဘေးမှာတော့ တစ်ဖက်အဆောင်နဲ့ အဆောင်နှစ်ခုကြားထဲ ရေချိုးဖို့ လေးထောင့်အုတ်ကန်ကြီးတစ်ကန်။
စောက ကုတင်တွေရှိမယ်လို့ ထင်ထားသော်ငြား ငါးထပ်အသားပြားတွေကို တစ်ယောက်စာစီ ရိုက်ထားတာဖြစ်သည်။
ပြတင်းတံခါးနဲ့ ကပ်လျက်နေရာမှာတော့ ဦးသူရှိပြီထင်သည်။ ထိပ်ရှိစားပွဲပုလေးမှာလည်း မှင်နီတံတစ်ချောင်းနဲ့ စစ်လက်စစာအုပ်တွေကို တွေ့ရတာမို့ ဒီအခန်းဂိုက်ဆရာလားမသိ။
စောသည် ဖျာလိပ်တွေကို ခြေရင်းနားပုံထားရင်း ဘယ်နေရာကိုယူရမည်အား စဉ်းစားရကြပ်နေလေသည်။
စွမ်းထက်ပိုင်က ဂိုက်ဆရာ (စောအထင်) ဘေးက နေရာကိုသူယူပြီး စောကို ကောင်းခန့်ဝင်းနဲ့ သူနဲ့ကြားက အလယ်မှာနေစေချင်သည်။ ကောင်းခန့်ဝင်းက လက်မခံ။
"မင်းတို့နှစ်ယောက် ပြီးတော့မှာလား"
တခြားသူတွေဆို အထုပ်တွေခင်းပြီးလို့ တရေးတမောအိပ်နေပြီ။
"နေပါလား အဲ့နေရာ! ငစွမ်းက ငါနဲ့နေမှာ!"
"အေး! မင်းလူကို အရင်ရအောင်ပြောလေ!"
စော စိတ်တိုလှပြီမို့ အနည်းငယ် အော်မိသွားသည်။ သူတို့ အသံတွေကျယ်သွားတော့ ရောက်ကတည်းက စာငုံ့ကျက်နေသည့် ခြေရင်းက စာဂျပိုးပင် ခေါင်းမော့စပ်စုလာသည်။ ခရီးဝေးကလာ၍ ပင်ပန်းပြီးအိပ်နေသူတို့ကလွဲလျှင် ကျန်သူများကလည်း ကွက်ကြည့်ကွက်ကြည့်။
"ဟိုဆံကောက်က ဘေးဆုံးမှာနေချင်တာမလား! ဒါဆိုအပုလေးကို အလယ်ကထားလိုက်လေ၊ ရှင်းနေတာပဲ"
ကိုရင်ဝတ်လာတာလားဘာလားမသိ။ တရားလေသံနဲ့ မျက်မှေးတစ်ယောက်က ပြသနာရှင်းသွားအောင် ဝင်ဖျန်ဖြေသည်။
DU LIEST GERADE
ချစ်သူသိစေ
Romantikမှန်သောသစ္စာ မောင့်ထံပါးမှာ ဦးတည်လွဲမြာ ပစ်ချက်ဖြာလည်း မေတ္တာစစ်က နိုင်လင့်တထေ နားသို့ပန်လေ ချစ်သူသိစေ။ ချစ်သူသိစေ ချစ်သူသိပါစေ။