အပိုင်း - 7

2.2K 193 62
                                    

[Unicode]

   
(Recommend song - အချစ်ကိုသိချိန် - မီးမီးခဲ)

•••

"စော"

ဟိန်းမင်းမာန်ခေါ်သံကြားတော့ ပုခုံးတိမ်း၍ နောက်လှည့်ကြည့်သည်။ သို့ပေမဲ့ ခဏသာ။ ကိုယ်ခေါ်မိတာ သူမဟုတ်သည့်အလား အဝတ်တွေကိုသာ ခေါက်သိမ်းနေသည်။ နေ့ခင်းက ပြသနာဖြစ်ပြီးတော့ ကိုအေးနဲ့ ဟိန်းမင်းမာန်ကို ဆရာကြီးတင်ဝင်းက ခေါ်တွေ့သည်။ဆရာကြီးကို တောင်းပန်ရှင်းပြပြီးပဲဖြစ်ဖြစ် ကိုယ့်ကျောင်းသားတွေကို အဆုံးထိတော့ကာမည်ဟု စိတ်ပိုင်းဖြတ်ကာ ရုံးခန်းထဲ သူတို့ဝင်သွားကြပေမဲ့ စည်းကမ်းကျပ်လှသည့် ဆရာကြီးက ထူးထူးဆန်းဆန်း ကြည်လင်ပြုံးရွှင်နေတာဖြစ်၏။

"အဲ့ရှစ်ယောက်ကို ညနေခင်းကျ ခြံဘက်က မြက်တွေနှုတ်ခိုင်းလိုက်"

"ဟုတ်ကဲ့ ဆရာကြီး"

ပြစ်ဒဏ်က အင်မတန်မှပေါ့လျော့စွာပင်။ အပူလုံးကျ၍ သူပြန်လာချိန်မှ သူ့ကို မျက်လုံးချင်းပင် ဆုံအောင်မကြည့်သောစောကြောင့် သောကထပ်ပွားရခြင်း။

စောက ပြတ်သည်။ ခေါင်းကြောလည်း မာသည်။ အခုလည်း ဂိုက်ဆရာအဖြစ်ရှိနေသူကိုပင် မေးထူးခေါ်ပြောထက် ပိုမပြောတာ တစ်ရက်ရှိချေပြီ။ ဟိန်းမင်းမာန်မှာ စကားဘယ်လိုပြောရမှန်းမသိ။ စော ဒီလိုကြီးဖြစ်နေတော့ သူလည်းမနေတတ်ပေ။ ချော့ရအောင်ကလည်း စောက သူ့ကိုစိတ်ကောက်နေတာမဟုတ်တဲ့အပြင် သူတို့နှစ်ယောက်ကလည်း ဘာမှမဟုတ်။

"စော အစ်ကိုနည်းနည်းမှားသွားတယ်ထင်တယ်။ အဲ့ဒီကလေးတွေဘက်က မင်းတို့ကို အရင်ရန်စတာ အစ်ကိုမသိလိုက်တာ, ကိုယ့်ကလေးတွေကို အရင်မေးရမှာကို"

အဝတ်ခေါက်နေတဲ့စောရှေ့ ကိုယ့်အိပ်ယာပေါ် ပေါ့ပေါ့ပါးပါးဟန်ပြုကာ ထိုင်ချရင်းပြောတော့ မော့ကြည့်သည်။ မျက်လုံးတွေက မှန်းမရအောင် ငြိမ်သက်နေပြီး နှုတ်ခမ်းပါးတို့စေ့လျက်။ နှုတ်ခမ်းစွန်းမှာတော့ စီးကရက်စွန်းနဲ့ ခိုက်မိထားတဲ့ အနာသေးသေးလေးရှိနေသည်။

"မလိုပါဘူး ဆရာ၊ ကျွန်တော်တို့လည်း မှားတာပါပဲ"

"အင်း ဒါပေမဲ့"

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Mar 18, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ချစ်သူသိစေTempat cerita menjadi hidup. Temukan sekarang