2✌️

2.8K 301 18
                                    

jungkookမနက်စာစားပြီးတဲ့အထိ jiminမဆင်းလာသေးတာကြောင့် သူ့အမေကိုမေးလိုက်သည်။

"မေမေ ဟိုတစ်ယောက်ကိုမနှိုးရသေးဘူးလား အခုထိဆင်းမလာသေးဘူး"

"အော် သားဂျီလေးကကျောင်းသွားပြီလေ"

"ကားကတစ်စီးထဲလေ သူသွားတော့သားကဘာနဲ့သွားရမှာလဲ"

"ကားမယူသွားပါဘူးသားရဲ့ သူငယ်ချင်လာခေါ်လို့အတူသွားတယ်"

"ဘယ်သူလဲ"

"မေမေလည်းမသိဘူးလေ အဲ့ကောင်လေးပုံစံကတော့အတော်လေးကြည့်ကောင်းတယ်"

"မေမေတို့ကလည်း မသိတဲ့သူနဲ့ဘာလို့သွားခိုင်းလိုက်ရတာလဲ "

"သားအကိုကအရွယ်ရောက်နေပြီလေ သူသဘောအတိုင်းလွတ်လပ့်ခွင့်ပေးရမှာပေါ့"

"သားကျောင်းသွားတော့မယ်"

"အင်း သားလေ ဂရုစိုက်နော် မွ"

"ဟုတ် "

jungkookတစ်ယောက်လုံးဝစိတ်မကြည်ပါ
ကားပေါ်မှာလည်းမျက်နှာလုံးဝတင်းနေသည်။
တောက် တခေါက်ခေါက်နဲ့မလို့ ကားမောင်နေတဲ့ဒရိုက်ဘာတောင်လန့်နေသည်။
jiminကို သူကလွဲဘယ်သူနဲ့မှအတူမရှိစေချင် jiminကိုသူ့ကိုယ်ပိုင်အရုပ့်လို့သတ်မှတ်ထားသည်။
ကျောင်းရောက်တော့ jiminအခန်းရှေ့ကိုတန်းသွားလိုက်သည်။
ဟိုရောက်တော့ jiminရောtaehyungကိုရောမတွေ့တာကြိုက်စိတ်ပိုတိုလာသည်။

*တောက်! ငါ့ထက်အရင်ထွက်သွားပြီး အခုထိအခန်းထဲမရောက်သေးဘူး ဘယ်တွေသဝေထိုးနေပြန်တာလဲမသိဘူး လာကြည့်ငါ့အကြောင်းသိစေရမယ်*

"ဂျောင်ကု "

ဖြောင်း~

ခွပ့်~

jungkookစောင့်နေတုန်း အနောက်ကjiminခေါ်လိုက်တော့ လှည့်ပြီးပါးရိုက်ချလိုက်သည်။
တခြားကျောင်းသူကျောင်းသားတွေအတွက်ဒီမြင်ကွင်းကမြင်နေကျမလို့ အဆန်းမဟုတ်ပေမယ့် taehyungအတွက်တော့ဒေါသထွက်စရာဖြစ်စရာမလို့ jungkookကိုထိုးလိုက်သည်။
jungkookပြန်ထိုးဖို့လုပ့်တော့ jiminကအရှေ့ကနေဝင်ခံလိုက်တာကြောင့် ဒေါသထွက်ပြီးထွက်သွားသည်။

LOVE❤️ (Completed)Where stories live. Discover now