13🐱🐿️

2K 157 0
                                    

"ပြန်လာပြီလား သတိုးသားလောင်းလေး"

"အမလေး !!"

"ကိုယ့်ရဲ့ခင်ပွန်းလောင်းကိုတွေ့တာ ဘာလို့အဲ့လောက်လန့်သွားရတာလဲ"

"ဘာခင်ပွန်းလောင်းလဲ ခင်ဗျားကိုဘယ်သူကယူမယ်ပြောနေလို့လဲ"

"မင်းလေးမယူချင်လည်း ကိုယ့်ကတော့မင်းကိုယူမှာပဲ"

"မယူဘူး ဒါနဲ့ဒီကိုဘယ်လိုသိပြီးရောက်လာတာလဲ"

"ကိုယ်သိချင်တဲ့အရာကိုသိရဖို့က ကိုယ့်အတွက်ထမင်းစားရေသောက်လောက်တောင်မခက်ဘူး"

"လာကြွားမနေနဲ့"

"ကြွာတာမဟုတ်ရပါဘူး ကိုယ်ကဒီတိုင်ပြောပြတာပါ ဒါနဲ့အထဲပေးဝင်ပါအုံး ကိုယ်ဒီမှာစောင့်နေတာအတော်ကြာနေပြီ"

"ဝင် ဝင် "

တံခါးကိုသော့ဖွင့်ပေးပြီး ဝင်ခွင့်ပေးတာကြောင့် yoongiလည်းအထဲကိုဝင်လိုက်သည်

"ဘာလို့ ထွက်ပြေးတာလဲ"

yoongiအတွက်အအေးဖျော်နေတုန်း ဘေးနားလာပြီးတော့ yoongiမေးလိုက်တဲ့စကားကြောင့် ဖျော်နေတဲ့လက်တွေရပ့်သွားသည်

"ကိုယ်မေးတာဖြေအုံးလေ ဘာလို့လဲ ကိုယ်ကိုသဘောမကျလို့လား ဒါမှမဟုတ်တခြားအကြောင်း တစ်ခုခုကြောင့်လား"

"........."

"မဖြေဘူးလားhobi"

"ကျတော့်ကိုမချစ်တဲ့သူနဲ့လက်မထပ့်ချင်လို့"

"မင်းကရောကကိုယ့်ကိုချစ်လို့လားhobi"

"......."

"ပြီးတော့ ကိုယ်မင်းကိုချစ်မချစ် မင်းဘယ်လိုသိလဲhobi ကိုယ့်ကိုမင်းမေးကြည့်ဖူးလို့လား"

"မမေးဖူးဘူး"

"ဒါဆိုဘာလို့ အဲ့လိုထင်တာလဲ"

"yoongi shii ကကျတော်အပေါ်ကိုဆို အမြဲအေးတိအေးဆက်နဲ့လေ ကျတော့်ကိုသာချစ်ရင်အဲ့လိုမျိုးဘာလို့အေးဆက်ဆက်နေမှာလဲ"

"ဒီဘက်ကိုလှည့် ကိုယ့်ကိုကြည့်"

အအေးခွက်ကိုယူပြီးဘေးချလိုက်ပြီးတော့ hobiရဲ့ကိုယ်လေးကိုသူ့ဘက်ဆွဲလှည့်လိုက်သည်

LOVE❤️ (Completed)Donde viven las historias. Descúbrelo ahora