11💛💜

2.5K 208 8
                                    

"hungရေ လာပါအုံး ဒီမှာမောင့်ကိုအနိုင်ကျင့်နေတယ်"

မနက်စာပြင်နေတုန်း မောင့်ကိုနှိုးဖို့ သမီးလေးကိုလွှတ်လိုက်တာ ဘာဖြစ်ကြပြန်ပြီလဲမသိဘူး
အခုဆိုသမီးလေးကအသက်ငါးနှစ်ရှိပြီ မောင်ကသူ့သမီးကိုအရမ်းချစ်ပြီး အလိုလိုက်လွန်းတာကြောင့် မောင့်ကိုဆိုအမြဲနိုင်စားနေတာလေ

အတွေးမဆုံးသေးဘူး အနောက်ကနေခါးကိုဖက်လာတဲ့ လက်တစ်စုံကြောင့် ပြုံးလိုက်မိသည်

"hungကလည်း လာကူပါဆိုမလာဘူး မီးမီးလေးကမောင့်ကိုအရမ်းရိုက်နေတာ"

"အဲ့ဒါကြောင့် အရမ်းအလိုမလိုက်ဖို့ ကိုပြောတာလေ အခုကြည့်ခံလာရပြန်ပြီမလား"

"hungကလည်း မောက်ကသမီးလေးကိုချစ်လို့ပါ"

"ကိုလည်းချစ်တာပဲလေမောင် ဒါပေမယ့် အရမ်းအလိုလိုက်လို့ဘယ်ဖြစ်မလဲ အဲ့လိုအမြဲလုပ့်နေရင် နောက်ပိုင်းသူဆိုးသွားလိမ့်မယ်"

"ဟုတ်ကဲ့ပါ မောင်ဆင်ခြင်ပါ့မယ်"

"ဖေဖေရေ မီးမီးဗိုက်ဆာတယ်"

ဗိုက်ဆာတယ်ဆိုပြီး မီးဖိုချောင်ထဲဝင်လာတဲ့သမီးလေးကို မောင်ကချီလိုက်သည်

"ရပါပြီဗျာ ဖေဖေပြင်ပေးမယ်"

"ဟုတ် ဖေဖေ"

"အင်း ဒါနဲ့မီးမီးလေးက အဖေကိုရိုက်နေတယ်ဆို ဖေဖေမှာထားတာမေ့နေတာလား"

"မေ့ပါဘူးဖေဖေရဲ့ အခုရိုက်တာက အဖေကနှိုးမရလို့ပါ "

"ဟုတ်ပါပြီ ထားလိုက်တော့ နောက်ဆိုအဲ့လိုမလုပ့်ရဘူးနော် ကြားလား"

"ဟုတ် ဖေဖေ"

မနက်စာစားကြပြီးတော့ မီးမီးလေးကိုမူကြိုလိုက်ပို့ခဲ့ကြသည် မောင်ကတော့သူ့ကိုအိမ်ပြန်ပို့ပြီးတာနဲ့ အလုပ့်ကိုပြန်သွားသည်
အလုပ့်သွားခါနည်းအနမ်းခြွေဖို့လည်းမမေ့ဘူး

"hello jimin hung"

"mochiပြောလေ"

"ဟို ကျတော်ကိုရီးယားကိုလာမလို့"

mochiက UKကိုပြန်သွားတာသုံးနှစ်ရှိပြီ taeနဲ့မိန်းကလေးတစ်ယောက်နမ်းတာကိုမြင်သွားတာကြောင့် taeကိုလမ်းခွဲပြီးUKကိုပြန်သွားခဲ့တာ

LOVE❤️ (Completed)Where stories live. Discover now