အပိုင်း ၈ (final)

901 78 7
                                    


  နှစ်တစ်နှစ်ရဲ့အဆုံးရောက်လာတော့မယ်ဆိုရင် အရင်တုန်းကဆို ဝမ်ရိပေါ်ဟာ သူ့မွေးရပ်မြေ ပြန်ရဖို့ကို သက်ပြင်းကြီးငယ်ချတတ်တယ်။ အခုတော့ သူ့ရဲ့ခင်ပွန်းလေး ရှောင်းကျန့်က သက်ပြင်းတွေချနေတယ်။

" မောင်...တကယ်မပြန်တော့ဘူးလား?"

ရိပေါ်ရဲ့အေးဆေးနေမှုကို ကြည့်ပြီ ရှောင်းကျန့်မှာ သက်ပြင်းမောချနေရတယ်။

"အင်း....မပြန်တော့ဘူး....ပေါင်ပေ့... ပြန်ချင်လို့လား?"

တကယ်တော့သူလဲမပြန်ရဲဘူး။သူ့အပေါ် ဝမ်လူကြီးမင်းက ကြည်ဖြူပြီး ခွင့်ပြုခဲ့ပေမဲ့ ရိပေါ်ကိုကျ ပြန်လာဖို့မလိုကြောင်းပြောထားတာမို့ သူခေါင်းရမ်းပြလိုက်တယ်။

"ဒါပေမဲ့.... လက်ဆောင်တော့ပို့ပေးရအောင်လေ"

"အင်း....ကိုကိုသဘော"

သူ့ကိုအမျိုးမျိုးခေါ်တတ်တဲ့ ရိပေါ်ကို သွားပြီးကြိမ်းပြလိုက်တယ်။သူပဲလုပ်ရတော့မှာပေါ့။

နှစ်ကူးရပ်မတိုင်းခင်တွေမှာ ရှောင်းကျန့်က အလုပ်ရှုပ်နေတယ်။ ဝမ်ရိပေါ် ကတော့ သူ့ရဲ့ကလပ်မှာ ပြင်ဆင်မှုနဲ့ showပွဲတွေ များလာတာကြောင့်ပို အလုပ်ရှုပ်ရတာပေါ့။ နှစ်ကူးနေ့ကိုတော့ သူတိူ့နှစ်ယောက်ရဲ့ တစ်နှစ်ပြည့် ပွဲအတွက် မစဥ်းစားရသေးဘူး ။နှစ်ယောက်လုံးကတော့ သိနေကြတယ်။ ရှောင်းကျန့်မှာ ဝမ်အိမ်တော်အတွက် လက်ဆောင်စဥ်းစားရတာတင် ခေါင်းတော်တော်ကိုက်တယ်။ ဝမ်အိမ်တော်က စည်းကမ်းကြီးတဲ့အတွက် ဘာတွေနဲ့အဆင်ပြေမလဲ ရိပေါ်ကို မေးတဲ့အခါ သူထပ်တောင်ပိုဆိုးသေးတယ် ဘာတစ်မှမသိဘူး။ငယ်ငယ်ထဲကလဲ ဂိမ်းတိုက် စကိတ်စီး သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်ပြိုင်မောင်း နှစ်ကူးဆို အိမ်ကခင်းကျင်းထားတဲ့ပွဲထဲထိုင် သူများပေးတဲ့ စာအိတ်နီယူ အဲ့ညကသူအတွက်ပြီးရောတဲ့။

အဲ့တော့ ရှောင်းကျန့်မှာခေါင်းခြောက်နေရတာပေါ့။

"ပေါင်ပေ့... အချစ်ရယ်...ဘာတွေအရှည်ကြီးစဥ်စားနေသေးလဲ...ပိုက်ဆံပေးလိုက်ပြီးရောကို"

ရှောင်းကျန့်မှာသူ့ယောက်ကျားရဲ့စကားကြားကြားချင်နရင်းထရိုတ်မိတော့မတတ် ရွယ်လိုက်တဲ့ လက်ကို ပြန်ချလိုက်ရတယ်။

Ownership ( Complete )Where stories live. Discover now