အပိုင်း ၃

707 61 2
                                    


ဝမ်အိမ်တော်မှာ နှစ်ကူးညမို့ အရာရှိလူကြီးမင်းတွေအရာရှိကတော်တွေဟာ ပျော်ပွဲပါတီကို နှစ်ကုန်မို့ ဂုဏ်ပြုဖို့စောင့်နေကြတယ်။ ဒါက ဝမ်လူကြီးမင်း လို့အချိန်အဝါ ရှိတဲ့အိမ်တော်မှာ နှစ်တိုင်းစုဝေးနေကြ ဖြစ်တယ်။ ဝမ်ရိပေါ်က လူတွေကို သိပ်ဂရုစိုက်တတ်တဲ့ထဲမှာ မပါဘူး။သူ့အဖွားဘေးနားမှာနေပြီး ဝိုင်အကြောင်း ပြောပြနေလိုက်တယ်။ သူ့ဦး​လေး ရဲ့လုပ်ငန်းကို သူကိုယ်တိုင်းဦးစီးနေရပြီးမို့ သူ့အဖွားရဲ့ အရက်ချက်တဲ့လှစ်ဝှက်နီးတောင် သူအရင်နှစ်တွေတုန်းက ရခဲ့ပြီးပြီး။

အာဏာရှိလူကြီးတွေရဲ့လူတန်းစားပေါ့။အခု ဝမ်အိမ်တော်မှာစုဝေးနေတဲ့ သူတွေက သူတို့ကိုယ်သူတို့သတ်မှတ်ထားတဲ့ဂုဏ်ပုဒ်။ ဝမ်ရိပေါ် စားပွဲဝိုင်းရဲ့ အလည်လောက်က ရှောင်းကျန့်ကို ကြည့်နေမိတယ်။ရှောင်းကျန့်ရဲ့ ပုခုံးမှာ ဘာဘားတန်းမှမရှိဘူး။ကြယ်ပွင့်တွေလဲ မရှိဘူး။ရိုးရိုးသာမန် ရွေရောင်မျက်မှန်ကိုင်လေးပဲ တပ်ထားတာတောင် ရှောင်းကျန့်က ကျက်သရေရှိတယ်။ အဖြူရောင် suitနဲ့ ရိုးရာကုဒ်ကိုထပ်ဝတ်ထားတာကိုက ဂုဏ်သရေရှိလူ တန်းစာဖြစ်တယ်။
  တစ်ခုပဲ ရှောင်းကျန့်ရဲ့အပြုံးကဖော်ရွေလွန်းပြီး တစ်ဖတ်သားအပေါ်  စျေးမရှိရာကျတယ်။ဒါကြောင့် ခဏခဏပြုံးတာမကောင်းဘူး။

  စားပွဲဝိုင်းမှာ သူနေရထိုင်ရတာ သက်သောင့်သက်မဖြစ်ဘူး။သူဒီဝိုင်းကထသွားလိုက်ရင်တောင် သူ့အတွက်က ဘာမှဖြစ်မလာဘူး။ဒါပေမဲ့ သူ့မှာ ဆုံးဖြတ်ထားတာရှိနေပြီ။ တပ်ဗိုလ်ချုပ်ကြီးကို သူ့ဆူံးဖြတ်ချက်ပေးပို့ ခဲ့ပြီးပြီး။ သူတပ်ထဲကဆေးရုံးမှာ မလုပ်တော့ပဲ ပုဂ္ဂလိကဘက် ပြောင်းတော့မဲ့အကြောင်းနဲ့ လန်ဒန်မှာပဲ အခြေချမဲ့အကြောင်းကြားစာ မနက်ကပို့ခဲ့တယ်။

သူ့အပေါ်အာရုံမရှိတော့မှပဲ ရှောင်းကျန့် ဝမ်ရိပေါ်ဆီ ထွက်လာခဲ့လိုက်တယ်။ ဝမ်ရိပေါ်က ကျောက်စာပွဲမှာ ရိဟုန်နဲ့ထိုင်နေတယ်။ သူလာတာမြင်နဲ့ ရိဟုန်ကို ဘာပြောလိုက်လဲမသိဘူး။ ရိဟုန်က အိမ်ထဲပြေးဝင် သွားတော့တယ်။

ဝမ်ရိပေါ် ရှောင်းကျန့်ကို ခြံအပြင်ခေါ်လာခဲ့လိုက်တယ်။

Ownership ( Complete )Where stories live. Discover now