ဒီနှစ်မှာ နှင်းပိုကျလို့ ပိုအေးတယ်။ဝမ်ရိပေါ်အိမ်ပြန်ရောက်ထဲက အိပ်နေမိတာ ဘယ်ချိန်ရောက်သွားမှန်းတောင်မသိဘူး။ အိမ်ပြန်လာတဲ့နှစ်တိုင်း အိပ်တာကပဲ သူ့အတွက်လုံခြုံတယ်။ လော့ရန်မှာက သူမလွတ်လပ်ဘူး။သူ့အဖေရဲ့အချိန်အဝါက သူ့ကိုလမ်းဘေးက ကလေးမွေးစားထားသလိုပဲ။သူအိပ်တာ တော်တော်ကြာသွားတယ်။ သူ့မျက်လုံးဖွင့်လိုက်တာတောင် အလင်းရောင်ကြောင့် တန်းမဖွင့်နိုင်ဘူး။ ညကပြန်ရောက်ထဲက ဝတ်ထားတဲ့ ဂျာကင်ကို ဆွဲယူဝတ်လိုက်တယ်။ သူအပြင်ထွက်လာတော့ ဧည့်ခန်းမှာ လူရှင်းနေတယ်။သူ့မိသားစု ဘယ်သွားပြီး ဘာလုပ်ကြလဲ သူမသိဘူး။ ခြံထဲက ကျောက်စားပွဲမှာ သူ့တူလေးထိုင်နေတာတွေ့လို့ ကလေးဆီပဲ တစ်ဝါးဝါးသန်းရင် သွားလိုက်တယ်။"ဦးဦး.........နိုးလာပြီလား?။ သားသား notebook ကြည့်နေတယ်"
ဘယ်ချိန်က သူ့အခန်းထဲဝင်ယူသွားလိုက်လဲမသိ။သူ့ရဲ့notebookကို ယူကြည့်နေတယ်။
"ဟီး ဟီး ဦးဦးက ပုံထဲပိုချောတယ်။ "
သူ့bookထဲကပုံတွေက စကိတ်စီးတာ ဘားမှာ အရက်ဖျော်နေတာတို့ ဂစ်တာတီးတာတို့ တစ်ပုံဆီလိုက်ကြည့်နေတဲ့ သူ့တူလေးက သူ့ရဲအရမ်းအိပ်ထားလို့ ဖောင်းအစ်နေတဲ့ပါးတွေကို လက်ငြိုးထိုးရင်ပြောနေတယ်။
သူ့မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။
"ငါချောပါတယ်ကွ......အခုကပိုချောတာ"
ဝမ်ရိပေါ်သူ့တူလေးကို ခါးကိုကလိထိုးရင်စလိုက်တယ်။
"ပြန်ပြော....အခုလဲ ချောတယ်လို့"
"နိုး ယားတယ်"
"ပြောကွာ"
"နိုး....ဟီးဟီး... ခစ်ခစ်.....ယားတယ်"
ဝမ်ရိဟုန် ဝမ်ရိပေါ် ရဲ့လည်ပင်းကို အတင်းတွယ်ဖတ်ထားလိုက်တယ်။
"ဦးဦး......သားကို စကိတ်စီးသင်ပေး"
Bookထဲက သူစကိတ်စီးတဲ့ပုံကိုလက်ထောက်ပြီး ပူစာတယ်။
"နိုး......မင်းမား ဆူလိမ့်မယ်"
"မားမား.....မရှိဘူး......ခဏလေးစီးမှာ..... ဦးဦး အခန်းထဲမှာ သွားယူလိုက်မယ်နော်"
YOU ARE READING
Ownership ( Complete )
Fanfictionသူ့အတွက် သူ့ကို နှစ်သစ်လက်ဆောင်ပေးလိုက်တယ်။ သူ့အတွက် သူ့ကို ပိုင်ဆိုင်မှုအဖြစ် ပေးလိုက်တယ်။