(32)မင်းက အလိုက်အရမ်းသိတယ်

3.8K 595 42
                                    

ထိုလူတွေဟာ စားပြီးတာနဲ့ ထထွက်သွားကြကာ ရှောင်းကျန့်တို့ ဖြတ်လျှော်လာခဲ့တဲ့ အိမ်တွေဆီ ဝင်ကုန်ကြသည်။

ခုနက ဖော်ရွေခဲ့တာ သူတို့မဟုတ်သည့်အတိုင်း ရှောင်းကျန့်တို့ကို လှည့်ပင်မကြည့်သွားပေ။ရှောင်းကျန့်တစ်ယောက် ထိုလူတွေ မရှိတော့တာနဲ့ ဝမ်ရိပေါ်ကို မေးတော့သည်။သူတို့သုံးယောက်ထက်စာရင် ဝမ်ရိပေါ်က အကုန်လုံးကို ပိုသိနေသလို ခံစားနေရတာကြောင့်ဖြစ်သည်။

"ရိပေါ်....ချုံးမိုတို့က ဘာဖြစ်နေကြတာလဲ"

"ငါ့စိတ်ထင် သူတို့က ရီချုံးမိုတို့မဟုတ်ဘူး"

"ဒါ...ဒါဆို သူတို့က ဘယ်သူတွေလဲ"

ဖန်မုဟန် အလန့်တကြား မေးလိုက်သည်။ရှောင်းကျန့်တောင် အရမ်းသိချင်စိတ်ကြောင့် ဝမ်ရိပေါ်ကို စိုက်ကြည့်နေမိသည်။

"သူတို့က တုပတစ္ဆေတွေ ဖြစ်နိုင်တယ်"

"တုပတစ္ဆေ?အဲ့တာဘာလဲ"

"တုပတစ္ဆေတွေက သူ့တို့ကိုယ်ခန္ဓာကို သူတို့မြင်ဖူးတဲ့လူတွေရဲ့ပုံစံတွေ ပြောင်းပစ်ပြီး ရှင်သန်ကြတာ...သူတို့တွေက အကျည်းတန်တဲ့တစ္ဆေတွေမို့ သူတို့သဘောကျရင် တုပလေ့ရှိတယ်...ရီချုံးမိုတို့ကို သူတို့မြင်ပြီး အဲ့လိုတုပထားတာဖြစ်နိုင်တယ်"

"ဒါဆို ရီချုံးမိုတို့က ဒီနေရာမှာ ရှိနေနိုင်တာပေါ့"

"အွန်း"

စကားပြောပြီးနောက် သူတို့နေဖို့ နေရာရှာရတော့သည်။ထိုတစ္ဆေတွေနဲ့ စကားမပြောချင်ပေမဲ့ မေးမြန်းဖို့ တံခါးခေါက်လိုက်ရသည်။သို့သော် ဘယ်အိမ်ကမှ တံခါးမဖွင့်ပေးပေ။

ဒီလိုနဲ့ လေးယောက်စလုံး မီးပုံအရှေ့မှာဘဲ နေလိုက်ရတော့သည်။ရှောင်းကျန့် ဝမ်ရိပေါ်ပခုံးပေါ် ခေါင်းတင်ရင်း ငြိမ်နေမိသည်။ပိုင်ယန်စန်းနဲ့ ဖန်မုဟန်ကတော့ မြေကြီးပေါ်မှာဘဲ လှဲအိပ်နေလေပြီ။

"ရိပေါ်"

"ဟင်"

"ငါတို့ ဒီကနေ တကယ်ထွက်သွားနိုင်ပါ့မလား"

"ထွက်သွားနိုင်မှာပါ"

"တကယ်လို့လေ ငါတို့နှစ်ယောက်စလုံး သေသွားကြရင်ရော"

Ding-dong(Season 1)(Completed)Where stories live. Discover now