(18)ကမ္ဘာ့အလှဆုံးအလောင်း

4.9K 716 25
                                    

တစ်နာရီတစ်ခါ ညပြောင်းမှာဖြစ်တာကြောင့် လူတိုင်းတွန့်ဆုတ်မနေတော့ဘဲ လှေကားရှာကြသည်။သို့သော် ဘယ်လိုကြည့်ကြည့် ဒီကားလမ်းမကြီးဘဲ ဖြစ်နေတာကြောင့် လှေကားရှာဖို့ အကြံမထွက်လာကြပေ။

ဆက်လျှောက်လေ ပိုမောလေ ဖြစ်လာတာမို့ ခဏခဏနားရသည်။အထူးသဖြင့် ကျောင်းသူတွေနဲ့ ရှောင်းကျန့်က အဆိုးဆုံးဖြစ်သည်။

ဆယ်လှမ်းလောက်သာ လျှောက်ရသေးသော်လည်း သူတို့က မောနေကြလေပြီ။ထို့ပြင် ရှောင်းကျန့်ကိုလည်း မဆူပူရဲပေ။သူ့မှာ ကျောထောက်နောက်ခံကြီး ရှိနေသည်မဟုတ်ပါလား။

ရှောင်းကျန့် အခြားလူတွေ ဘယ်လိုတွေးနေကြလဲဆိုတာကို မသိပေ။သိများသိခဲ့ပါက ဂုဏ်ယူနေပြီး ခဏခဏ လူတိုင်းကို ဆရာကြီးလုပ်မဲ့သဘောရှိသည်။

"ရှောင်းကျန့်.....ငါစဥ်းစားမရတာတစ်ခုရှိတယ်"

"ဘာလဲ"

ဝမ်ရိပေါ်ကို တောက်တဲ့လိုကပ်နေတဲ့ရှောင်းကျန့်က ဖန်မုဟန်စကားကိုကြာတာနဲ့ ပြန်ပြောလေသည်။

"ဝမ်ရိပေါ် မင်းကို ဘာကြောင့်များ ကြွေဆင်းသွားရတာလဲ...ငါဘယ်လိုစဥ်းစားစား မယုံနိုင်ဘူး"

"လွယ်လွယ်လေးပါ...ငါက ချောတယ်...ချစ်ဖို့ကောင်းတယ်...ဉာဏ်လည်းကောင်းတယ်...ထက်မြတ်တယ်...သွက်လက်တယ်...ငါ့လိုမျိုး ပြီးပြည့်စုံတဲ့သူကို ဘယ်သူက မကြိုက်ဘဲနေမှာလဲ...မကြိုက်တဲ့သူတွေက ရူးနေလို့ဘဲ"

ဝမ်ရိပေါ်ကလွဲ၍ရူးနေသူများ"....."
'တကယ်က ငါတို့က ရူးနေတာမဟုတ်ဘဲ...မင်းကိုကြွေဆင်းသွားတဲ့ ဝမ်ရိပေါ်ကသာ ရူးနေတာ'

သို့သော် သူတို့ဘယ်လိုတွေးတွေး အပြင်မှာတော့ ထုတ်မပြောရဲပေ။ဖန်မုဟန်တောင် ရှောင်းကျန့်ရဲ့ ယုံကြည်ချက်မြင့်မားနေတဲ့ပုံကို ဝေဖန်ချင်ပေမဲ့ ဝမ်ရိပေါ်က ပြုံးနေတာမို့ သူ့စကားတွေကို ပြန်မြိုချလိုက်သည်။

"ဟုတ်တာပေါ့...ဟုတ်တာပေါ့...ဒီလိုစဥ်းစားတော့လည်း လွယ်သားဘဲ"

ဖန်မုဟန်က အံကြိတ်ကာ ထောက်ခံလိုက်သည်။သို့သော် သူငယ်ချင်းတွေအကြောင်း နောကျေနေတဲ့ ရှောင်းကျန့်ကတော့ ထိုလူတွေက သူပြောတာကို မယုံမှန်း သေချာသိလေသည်။

Ding-dong(Season 1)(Completed)Donde viven las historias. Descúbrelo ahora