(37)ဓမ္မတာလာချင်တယ်

4K 573 28
                                    

တောထဲမှာ သဲလွန်စရှာနေကြစဥ် ​ကျယ်လောင်သောဟိန်းသံကြီးကို ကြားလိုက်ရသည်။

"ဘာအသံကြီးလဲ"

တောကောင်တစ်ကောင်၏အသံနဲ့ ဆင်သော်လည်း ဘယ်အကောင်အသံမှန်း သူမသိသဖြင့် မေးလိုက်မိသည်။ပြောရမယ်ဆိုလျှင် မြို့ပေါ်မှနေသောသူမို့ ခြင်္သေ့ဟိန်းသံတို့ ကျားဟိန်းသံတို့ကို TVမှာကြားဖူးတာကလွဲရင် မကြားဖူးပေ။ထို့ကြောင့် ဘာအသံလဲဆိုတာကို မခွဲခြားနိုင်တာဖြစ်သည်။

ဝမ်ရိပေါ်ကတော့ အသံကြားထဲက သူ့မျက်ခုံးတွေ တွန့်ချိုးသွားသည်။အသံကား တောကောင်တစ်ကောင်၏အသံမဟုတ်သောကြောင့်ပင်။

ဝမ်ရိပေါ် ရှောင်းကျန့်လက်ကိုတွဲကာ အလေးအနက်ပြောလိုက်သည်။

"ကိုယ်တို့ အဲ့အသံရှိတဲ့နေရာကို သွားကြရအောင်"

ရှောင်းကျန့် ခဏလောက် တွေဝေသွားသည်။သွားလိုက်လို့ အန္တရာယ်ကြုံမှာကို ကြောက်မိသော်လည်း မသွားပြန်ရင်လည်း ဘာသဲလွန်စမှ မရှိတော့မှာကို ကြောက်မိသည်။

"ရိပေါ်...အန္တရာယ်ရှိနိုင်လောက်လား"

"အခုက နေ့ခင်းဘက်ကြီးပါ...မရှိနိုင်ပါဘူး"

"ဒါဆိုလည်း သွားကြတာပေါ့"

ရှောင်းကျန့် သူ့ရဲ့သတ္တိတွေကို မွေးထုတ်ကာ အသက်ပြင်းပြင်းရှုရင်း ဝမ်ရိပေါ်နောက်က လိုက်သွားလိုက်သည်။

ဒီတစ်ခါတော့ ဘေးချင်းကပ်လျှောက်မဲ့အစား အနောက်ကနေသာ လျှောက်လိုက်သည်။အန္တရာယ်ကြုံလာရင် အရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးမဲ့ ဒိုင်းကာတစ်ခုရှိမှ သူစိတ်အေးရမှာကြောင့် ဖြစ်သည်။

အသံလာသည့်နေရာအား မှန်းဆပြီး သွားကြည့်ရင်း မူလရှိနေရာမှ တော်တော်ဝေးဝေးကို ရောက်လာမှန်း သတိထားမိသွားသည်။အစထဲက ထူးဆန်းသောရွာရှိသောနေရာဟာ တောရဲ့ဘယ်အပိုင်းလဲဆိုတာကို မသိသဖြင့် အခုနေရာကိုလည်း သေချာမသတ်မှတ်တတ်ပေ။

ဟိန်းသံကြီးက အခုထိထွက်ပေါ်နေကာ နီးလာလေ ပိုကျယ်လာလေဖြစ်သည်။နောက်ဆုံး အသံနဲ့အနီးစပ်ဆုံးနေရာသို့ သူတို့ရောက်သွားကြသည်။သူတို့နဲ့ မလှမ်းမကမ်းမှာ ဂူကြီးတစ်လုံး ရှိနေသည်။အသံက ထိုဂူထဲကနေ ထွက်ပေါ်လာတာဖြစ်သည်။

Ding-dong(Season 1)(Completed)Where stories live. Discover now