ဤဇတ်လမ်းသည်စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး၊ အမိနိုင်ငံ၏လက်တွေ့ဘဝနဲ့သွေဖီလျှက်ရှိကြောင်းဝန်ခံပါသည်။
ကမ္ဘာ့နိုင်ငံအများစုရဲ့အုပ်ချုပ်ရေးစနစ်ဟာဘုရင်စ
နစ်ကနေဆင်းသက်လာခဲ့ကြတာဖြစ်ပါတယ်။
ယနေ့မှာတော့ဘုရင်စနစ်ကိုကျင့်သုံးလျှက်ရှိတဲ့နိုင်
ငံအရေအတွက်ဟာအလွန်နည်းပါးသွားပြီဖြစ်ပြီး
လက်ရှိမှာနိုင်ငံပေါင်း၃၀ခန့်သာကျန်ရှိပါတော့တယ်။
ယနေ့ဘုရင်စနစ်ကျင့်သုံးဆဲနိုင်ငံအများစုဟာလည်းစည်းမျဉ်းခံဘုရင်စနစ်ကိုကျင့်သုံးကြတာဖြစ်ပြီး
ဘုရင်ဟာတိုင်းပြည်ရဲ့အာဏာကိုအပြည့်အဝချုပ်
ကိုင်ထားနိုင်ခြင်းမရှိတော့ပေ။
ဘုရင့်နိုင်ငံတော်တွေ .....👑
နေမဝင်အင်ပါယာခေါ်အင်္ဂလန်နိုင်ငံ..ဥရောပတိုက်ကနိုင်ငံတွေဖြစ်တဲ့ နယ်သာလန်၊ဘယ်လ်ဂျီယံ၊
လူဇင်ဘတ်...ဒိန်းမတ်၊နော်ဝေ၊ဆွီဒင်..
ကမ္ဘာ့ဒုတိယအသေးဆုံးနိုင်ငံဖြစ်တဲ့မိုနာကိုနိုင်ငံက
လည်းစည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးဆဲနိုင်ငံဖြစ်
သည်။
ထို့အပြင်
အာရေဗီရကျွန်းဆွယ်အတွင်းရှိနိုင်ငံများအနက်ယီမင်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံအားလုံးကဘုရင်စနစ်ဖြစ်
ပြီး ဘုရင်ကအာဏာကိုစိတ်ကြိုက်သုံးစွဲနိုင်ကြသည်။
အာဖရိကတိုက်ရှိဆွာဇီလန်လို့သိကြတဲ့ အက်ဆွာတီနိုင်ငံကလည်း အာဏာကုန်ဘုရင်ကချုပ်ကိုင်ထားတဲ့နိုင်ငံဖြစ်သည်။
အာရှမှာဆိုရင် နေအင်ပါယာလို့တင်စားခဲ့ကြတဲ့ဂျပန်ဟာလည်းလက်ရှိမှာဘုရင်စနစ်ကျန်ရှိနေပေမယ့်
ဒုတိယကမ္ဘာ့စစ်ပွဲကိုဦးဆောင်ခဲ့တဲ့အတွက်..ပြယုဂ်အဖြစ်သာထားရှိခံရတာဖြစ်သည်။
အရှေ့တောင်အာရှရဲ့ မလေးရှား၊ဘရူနိုင်းနဲ့ထိုင်းဟာလည်းဘုရင်စနစ်ကျန်ရှိနေဆဲဖြစ်ပြီး..
YOU ARE READING
The king's wife