5ဘုရင့်မိန်းမ (Or )ရွှေနန်းထက်ကချစ်ရက်စွဲများ
အပိုင်း (5)
" အခု အမေနဲ့အဖေကအဆင်ပြေသွားကြပြီလား..
ပြောတော့ဒီတည်းခိုအိမ်ကိုဘယ်တော့မှခြေမချမတော့ဘူးဆို..."
" ငါနဲ့နင့်အဖေက တစ်ယောက်နဲ့တစ်ယောက်မုန်း
လို့၊ဖောက်ပြန်လို့..ကွဲနေကြတာမှမဟုတ်တာ။
နင်တို့မောင်နှမကိုကျွေးမွေးဖို့ငွေရှာဖို့ပဲလေ..."" ဒါဆို အခုအတူပြန်နေကြမှာလား..."
" ငါတို့သမီးကမိဖုရားလောင်းဖြစ်ရင်ငွေရေးကြေးရေးကဘာပြသနာရှိတော့မှာလဲ...."
" ဟုတ်တယ် ဝှိုက်၊ ငါလည်းဘုရင့်ယောက်ဖဖြစ်ပြီ
ဆိုတော့အရင်ထက်ပိုငွေရှာလို့ရပြီ။ နင်အိမ်အတွက်ဘာမှတွေးမနေပဲ..မြန်မြန်သာလက်ထပ်လိုက်"" ငွေပဲပိုရှာပါနော် ပြသနာတော့ပိုမရှာလာပါနဲ့"
" ဟာ ဒီကောင်မလေးကတော့..."
" အဖွား ဒေါ်လေးဝှိုက်က မိဖုရားဖြစ်သွားရင်..သမီးကကောမင်းသမီးဖြစ်မှာလားဟင်..."
" နင်ကလား နင်ကတော့ချီးမင်းသမီးပဲဖြစ်မှာ.."
" ချီးထုတ်ဒေါ်လေးနော်...အဟင့်..ဟီး."" တော်ပြီ..တော်ပြီ မငိုနဲ့တိတ်..."
" ဝှိုက် အဖေ့သမီးလေး ညစာဘာနဲ့စားချင်လဲ
အဖေ့ကိုပြော..."
" အဖေကအကောင်းဆုံးပဲ.. ကျန်တဲ့လူတွေလို
သမီးကိုရောင်းစားပြီးပျော်မနေဘူး..."
" အောင်မာ ဒီကလေးမ ငါတို့ကနင်ကောင်းစားလို့
ပျော်နေတာကို..."" အမေ့သမီးကအလကားပါ..အခုသာအဖေအကောင်းဆုံးလုပ်နေတာ...နောက်ကြဘုရင်မင်းမြတ်
အကောင်းဆုံးဖြစ်သွားမှာအသိသာကြီး..."
" ယျား အစ်ကိုနော်..."
ဝှိုက်က ခြေကားယားလက်ကားယားနဲ့သိုင်းကွက်
တချို့ထုတ်ပြလျှင်...
" ငါပဲညံ့လို့လားမသိဘူး..ဘုရင်ကဘာလို့နင့်ကို
တော်ကောက်မှန်းစဉ်းစားလို့မရဘူး...
တစ်နိုင်ငံလုံးနင့်အကြောင်းသိရင်လည်းငါ့လိုဖြစ်နေမှာပဲ..."
" ပြောလို့ပြီးပြီလား...."
" ကဲသားကြီးတော်တော့ မင်းညီမကိုဆက်မစနဲ့
တော့... ဝှိုက်ကငါတို့နဲ့၃ရက်ပဲနေရတော့မှာ..
ဒီအတောအတွင်းချစ်ချစ်ခင်ခင်နေကြစမ်း..."၃ရက်..တကယ်ပဲဝှိုက်က၃ရက်ပြီးရင်ဒီမိသားစုနဲ့
ခွဲရတော့မှာလား။
" ဒါဆို ၃ရက်လုံးမအိပ်ပဲဒီလိုထိုင်ပြီးစကားပြောကြမလားဟင်...🥺"
ဝှိုက်ထိုသို့ပြောသောအခါ အိမ်သားတွေကပြူးကြည့်ပြီး...
" ဘာ..မသွားခင်၃ရက်လုံးငါတို့ကိုဒုက္ခပေးအုံးမလို့လား..."
" အေးလေ..."
တိုင်ပင်စရာမလိုအောင်အတိုင်အဖောင်ညီကြ
သောအခါ။
" အား မချစ်တော့ဘူး..ဘယ်သူ့ကိုမှမချစ်တော့ဘူး..."😭
YOU ARE READING
The king's wife