3ဘုရင့်မိန်းမ (Or )ရွှေနန်းထက်ကချစ်ရက်စွဲများ
အပိုင်း (၃)
ပင်လယ်ရဲ့တဖက်ခြမ်းမှကြီးမားခမ်းနားလှသောဟော်တယ်ကြီး..ရှေးခေတ်တုန်းကဘုရင့်နွေရာသီစံနန်းတော်လည်းဖြစ်ခဲ့ဖူးသည်။ပြန်လည်မွန်းမံပြီးဟော်တယ်ဇုန်ဆောက်ခဲ့တာကြောင့်..ယခုအခါမှာ
လာရောက်အပန်းဖြေရင်းနဲ့ ဂိုင်ယာရဲ့ယဉ်ကျေးမှု
ကိုပါလေ့လာနိုင်တာကြောင့်ကမ္ဘာ့လှည့်ခရီးသွား
တွေကိုစွဲဆောင်နိုင်ဆုံးနေရာတစ်ခုဖြစ်လာခဲ့သည်။ပိုင်ဆိုင်သူမှာဘုရင်မင်းမြတ်ပင်ဖြစ်သည့်အလျှောက်..ဘုရင်နဲ့တော်ဝင်မျိုးနွယ်တွေမကြာခဏလာရောက်နေထိုင်လေ့ရှိပြီး၊ တိုင်းတစ်ပါးသားဝန်ကြီး
တွေနဲ့လည်းဒီနေရာမှာလက်ခံတွေ့လေ့ရှိသည်။တော်ဝင်မျိုးနွယ်တွေနဲ့ဧည့်သည်တော်တွေအတွက်ဟော်တယ်ရဲ့သီးသန့်နေရာအဖြစ်ထားပြီး၊ပြင်ပလာရောက်သူတွေတည်းခိုဖို့အတွက်တခြမ်းခွဲခြားထားပါသည်။
မနေ့ကပဲချစ်ကြည်ရေးအဖြစ်အိမ်နီးချင်းနိုင်ငံကလာတဲ့ဝန်ကြီးနဲ့ကတော်ကိုဒီနေရာမှာလက်ခံတွေ့
ဆုံပြီးနောက်... အိပ်ယာဝင်ခဲ့တဲ့ဘုရင်မင်းမြတ်..
ယခုအထိပင်အခန်းပြင်ထွက်မလာတာကြောင့်..
ဘုရင့်ကိုယ်ရေးအရာရှိ(နန်းသုံးစကားအရဆို..အထိန်းတော်ချုပ်ကြီး)ရာက်လာပြီး...အခန်းဝမှာ
စောင့်ကြပ်နေတဲ့ကိုယ်ရံတော်တွေအား...
" အရှင်ကော...ဘယ်မလဲ..."
" ၂၄နာရီအတွင်းဘယ်သူနဲ့မှမတွေ့ဘူးလို့ပြောပါ
တယ်...!"
" တံခါးဖွင့်...."
" အရှင် အထဲကပိတ်ထားမယ်ထင်ပါတယ်..."
" သော့နဲ့ဖွင့်လိုက်.."
" အရာရှိကြီး...."
" ဟင်း အရှင်အပြင်ထွက်သွားပြန်ပြီမှတ်လား...
မင်းတို့ကဘုရင့်ကိုယ်ရံတော်မဟုတ်ဘူးလား..
မင်းတို့တာဝန်ကအရှင့်ကိုစောင့်ရှောက်ဖို့..
အခု အရှင်မရှိအခန်းဝမှာ ဘာလုပ်နေကြတာလဲ.."" အရှင့်အမိန့်ပါ ..တစ်ယောက်ထဲသွားချင်တယ်
လို့ပြောပါတယ်...!"
" ဒါဘယ်လောက်အန္တရာယ်များလည်းမသိဘူးလား
ကိုယ်ရံတော်ခေါင်းဆောင်လုပ်နေပြီးတော့..."" အရှင့်အမိန့်မို့ပါ..."
" ဒီမှာ မောင်ရင်..အရှင်ရဲ့တခြားသောအမိန့်ဟူသမျှ..သေဆိုသေ၊ရှင်ဆိုရှင်နာခံရမယ်။
ဒါပေမယ့် သူ့နောက်မလိုက်နဲ့လို့ပြောရင်တော့နားမထောင်ရဘူး၊ အရှင်ကတော့မင်းကိုသူ့နောက်မလိုက်ဖို့အမြဲပြောမှာပဲ...
ဒါပေမယ့် မင်းအလုပ်က အရှင်နဲ့အနီးဆုံးမှာအမြဲ
တမ်းရှိနေရမယ်...ကြားလား"
YOU ARE READING
The king's wife