💚Part-6❤️

187 9 0
                                    

Unicode

          မောင့်ရဲ့ ချစ်သောကိုကို

At LION  Group

"ဟေ့ကောင် ရွှယ်ယမ် မင်းဘာတွေ ထိုင်မှိုင်နေတာလဲ ဟို ဘိုးတော်ပွားလိုက်ပြန်ပြီး လား " (ကုဝေ့)

"အေ ဟုတ်တယ် အဘိုး တာ မရှိရင် အခုအဲဒီဘိုးတော်ခေါင်းရှစ်ခြမ်းနေပြီး " (ရွှယ်ယမ်)

"မင်း လဲ စိတ်လျှော့ပါကွာ ရွှယ်ယမ်ကလဲ " (ဝူပိုင်)

"အခုရော ဘာပြဿနာလဲ ငါရှင်းလိုက်ရမလား" (ရိပေါ်)

"ဟို ဟို ရိပေါ် မင်းလဲစိတ်လျှော့" ( ဝူပိုင်)

"အခုပြဿနာက အဘိုးက ငါနာမယ်နဲ့ ရှယ်ယာ ခွဲပေးလို့ အဒါ ဒင်း မကျနပ်နေတာ တစ်ယောက်ထဲမဟုတ်ဘူးဆိုတာလဲ ငါသိတယ် အကုန်လုံးမျက်နှာ စွပ်ထားတာကြီးဘဲ အဘိုး တာ မရှိရင် ငါလဲ မပြန်ပါဘူး အဲဒီအိမ်ကို" (ရွှယ်ယမ်)

"အေး ငါတို့ အဲဒါကြောင့် ဘယ်သူကို မှ ယုံလို့မရတာ မိသားစုဝင်တွေတောင် ငါတို့ကို အလိုမရှိကြတာ ငါက မင်းတို့နဲ့ မဆုံဖြစ်ရင် အခုဆို လမ်းဘေးမှာ သေနေပြီး လား မသိဘူး" (ကုဝေ့)

"တော်တော. ကွာ ပြီးခဲ့တာတွေ မပြောကြနဲ့တော့ "(ဝူပိုင်)

ဟုတ်တာပေါ့ သူ့ဘဝဟာ အခြား တွေရဲ့ အမြင်မှာ ချမ်းသာပျော်ရွင်ပြီး လိုချင်တာကို လက်ညိုးထိုး ယုံနဲ့ ရတယ်လို့ အများအားကျနေကြတာ တကယ်တော့ သူတို့ဘဝရဲ့ တစ်ဖက်ခြမ်းဟာ ဘယ်လောက် ဒုက္ခရောက်နေခဲ့တယ်ဆိုတာ ဘယ်သူ့ မသိနိုင်

ပထမအနေနဲ့ Wang Group ရဲ့ ဒုတိယ သခင်လေးဖြစ်တဲ့ ဝမ်ရိ ပေါ် နေ့တိုင်းလိုလို ဖခင်ရဲ့ ရိုက်နှက်ခြင်း ဆူပူကြိမ် မောင်းခံနေရတာ ဘယ်သူမသိခဲ့ ၁၅ နှစ်အရွက်မှာ အိမ်မှာ ထွက်လာပြီး Condo တစ်ခုတွင် နေထိုင်ခဲ့သည်

ဒုတိယ ကတော့ ကျန်းရွှယ်ယမ် ကျန်းအိမ်တော်ရဲ့ အငယ်ဆုံး မြေး မိဘတွေ ငယ်ငယ်ကတည်းက ဆုံးသွားခဲ့သည် အဘိုးဖြစ်သူရဲ့ လက် က ကြီးပြင်းလာသူဖြစ်၍  အဘိုးရဲ့အချစ်တော် တစ်အိမ်လုံးရဲ့ အမုန်းတော် ဖြစ်နေခဲ့သည် ငယ်ငယ်ကတည်းက အိမ်က ဦးလေး ဒေါ် လေး တွေရဲ့ မုန်းတီးခြင်းကိုခံခဲ့ရသူ အသက်အန္တရာယ်အမြဲကြုံနေရသူဆိုလဲမမှား ၁၅ နှစ်အရွယ်မှာ ရိပေါ်နဲ့ ဆုံခဲ့သည်

Yizhan.  Fic .....Where stories live. Discover now