Unicode
(...........မောင့်ရဲ့ ချစ်သော ကိုကို........)
"ရောက်ပီး ဆင်းတော့ " ရှောင်းကျန်လဲ ရိပေါ် အသံကြားမှ မျက်လုံးတွေကို ဖြေးညင်းစွာ ဖွင့်လိုက်လေသည်။ ဆိုင်ကယ်ကို တစ်ခါမှ မစီးဖူးသည့် ရှောင်ကျန့် အတွက်တော့ တစ်လမ်းလုံး ရိပေါ် ရဲ့ ခါးကို လွတ်ထွက်သွားမည့် အလားနဲ့ တင်းကြပ်စွာ ဖက်ထားလိုက်သည်
"ကျွန်တော်ကို လွှတ်ပေးလို့ ရလောက် ပီး ထင်တယ် မလွှတ်ချင် တေးဘူးဆိုရင်လဲ ဘာမဖစ်ပါဘူး ဒီတိုင်းဖက်ထားပေး ကျွန်တော်ကြိုက်တယ် ဟက်"
"ဟို ဟို မဟုတ်ပါဘူး လွှတ်ပြီး နော် လွှတ်ပြီး ဟဲဟဲ 😁"
"အင်း ဒါဆို ဆင်းတော့ ဒါကျွန်တော့်အိမ်"
ရှောင်းကျန့်လဲ ဆိုင်ကယ်ပေါ်မှ အမြန်ဆင်းလိုက်သည် ရှောင်ကျန့် ဆင်းသွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည် အိမ်ပုံစံ က ရိုးရှင်း ပြီး အပင်များနှင့်သည်နှင့် ရိပေါ် လဲ ဆိုင်ကယ်ကို ဒေါက်ထောက်လိုက်ကာ ဆိုင်ကယ်ပေါ်မှာ ဆင်းလာကာ ရှောင်ကျန့် ရှေ့တွင် ရပ်လိုက်ပြီး ခါးကို အနည်းငယ် ကုန်းလိုက်ပီး ရှောင် ကျန်လဲ ပြာပြာလဲလဲ နဲ့"ဘာ ဘာလုပ်မလို့ လဲ "
"ဆိုင်ကယ် ဦးထုပ် ထုတ်ပေးမလို့ လေ ခင်များကို ဘာလုပ်မယ်လို့ ထင်လဲ " ဦးထုပ်ပြီးသည်နှင့်စချင်တာနဲ့ ရိပေါ် ရဲ့ မျက်နှာကိုရှောင်းကျန်းရဲ့ မျက်နှာနဲ့ နီးကပ်လိုက်သည်
" ဘာ ဘာမဟုတ်ပါဘူး'' ရှောင်ကျန့် မှာလဲ လျင်မြန်ရှောင်လိုက်သည်
"အင်း လာ အိမ်ထဲဝင်မယ်"ပြောသည်နှင့် ရိပေါ်လဲ အိမ်ထဲ သို့ ဝင်သွားလေသည် ရှောင်ကျန့်မှာလည်း ရိပေါ် ရဲ့ အနောက်ကို အမြန် လိုက်ရသည် အိမ်ထဲ ဝင်လိုက်တာနဲ့ ဒီလူဟာ အစိမ်းရောင်တော်တော်ကြိုက်မှန်း ရှောင်ကျန့် သိလေသည် အခန်းရဲ့ နံရံနှင့်ပရိဘောဂ ပစ္စည်း ကအစ အစိမ်းရောင်တွေဘဲ အဓိက သုံးထားသည်။
"မင်းအစိမ်းရောင်တော်တော်ကြိုက်တယ်နော် ဒီအခန်း တစ်ခုလုံး အစိမ်းရောင်တွေဘဲ သုံးထားတယ်"
"အင်း ရော့ ရေ သောက်လိုက်အုန်း "
"ခင်များ ကား ကို ဆိုင်ပို့လိုက်ပြီး မနက်ဖြန် ခင်များ အိမ်လာပို့ပေးမယ်"
"ဟင် ဘယ်တုန်းကလဲ သော့ ဒီမှာလေ"
"မလိုဘူး အဲဒီ သော့ ကို ခင်များဘဲ သိမ်းထား"
"အော် ကျွန်တော်တို့ မိတ်မဆက်ရတေးဘူးနော် ကျွန်တော်နာမယ် ဝမ်ရိပေါ် "
"အော် ကိုယ့်နာမယ် ရှောင်.."
"ရှောင်ကျန့် ကျွန်တော်သိတယ် " ရှောင်ကျန့် စကားမဆုံးခင် ရိပေါ် ဖြတ်ပြောလိုက်သည်
YOU ARE READING
Yizhan. Fic .....
FanfictionYizhan .....ပထမဆုံးမို့အားပေးြကပါရှင့် Yizhan .....ပထမဆုံးမို့အားပေးကြပါရှင့် 27/1/22