♥️ Part -13💚

194 8 2
                                    

(Unicode)

💚 Part-13 ♥️

.....................(မောင့်ရဲ့ချစ်သောကိုကို)...............

နောက်တစ်နေ့မနက်၌

ရှောင်းကျန့် လည်း နိုးလာသည်နှင့် အခန်း ပတ်ပတ်လည် ကြည့်ပြီး မိမိ ရောက်နေသည့် နေရာ မောင့် အိမ် ဖြစ်နေမှန်း သတိရတော့သည် ညက မောင့် မေမေ သွားပြီး အပြန်တွင်မောင့်အိမ်မှာဘဲ မောင့်နဲ့ အတူ ပြန်လာခဲ့ကြသည်။

" ကိုကို နိုးနေပြီး လား "
"အင်း"
"အဲလို မပွတ်ရဘူးလေ ကိုကို မျက်လုံးတွေ နာမှာပေါ့ မောင်လုပ်ပေးမယ်"

ရိပေါ်လည်း မိမိရှေ့တွင် အိပ်ယာ ၌ မျက်လုံးအား အတင်း ပွတ်နေတဲ့ လူသားဆီ အမြန်သွားပြီး သေချာလေး လုပ်ပေးပြီး မျက်မှန်ကို တစ်ခါတည်း တပ်ပေးလိုက်သည်။

" ကိုကို ဗိုက်ဆာနေပြီး လား "
" အင်း ဗိုက်ဆာပြီး "
" ဟုတ်ပြီး ကိုကို မျက်နှာသစ် ရေမိုးချိုးပြီး အောက်ဆင်းလာနော် မောင် မနက်စာပြင်ပေးထားမယ် မွ "

ပြောပြီးတာနဲ့ ရှောင်ကျန့်ရဲ့ နံဖူးကို ညှင်သာစွာ နမ်းလိုက်သည် ရှောင်ကျန့်မှာလည်း မျက်လုံးလေးပြူး ပြီး အံ့သြကာ

"ဟင် မောင်! ကို ကိုကို အရင်ရေ သွားချိုးလိုက်အုန်းမယ် "

အရှက်သည်းစွာနှင့် ရေချိုးသို့ အမြန်ပြေးပြီး တံခါးကို လော့ချပြီး နံရံကိုမှီကာ

* ဟူး ပူလိုက်တာ ပူလိုက်တာ ဒီနှလုံးကလည်း ဘယ်လို ဒီလောက် ခုန်နေရတာလဲ ဟူး စိတ်လျှော့ စိတ်လျှော့*

ရိပေါ်လည်း အရှက်သည်းစွာနဲ့ ရေချိုးခန်းထဲ ပြေးဝင်သွားတော့ ယုန်ပေါက်ကလေးကို ကြည့်ပြီး ခေါင်းခါရင်း အောက်ထပ်သို့ ဆင်းသွား လေသည်

"မောင် ဟိုလေ "
"အင်း ပြောလေ ကိုကို မနက်စာ စားမကောင်းလို့လား မောင် ဘာလုပ်ပေးရမလဲ"

ရိပေါ် မှာလည်း မိမိလုပ်ပေးထားတဲ့ မနက်စာ စားမကောင်းဘူး အထင်နဲ့ စိတ်ပူ သွားသည်။

"မ ဟုတ် ဟုတ်ပါဘူး စားကောင်းပါတယ်"
" ကိုကို တို့ မနက်စာစားပြီးရင် မောင်ဘယ်သွား စရာရှိလဲ"
"မရှိပါဘူး ကိုကိုက ဘယ်သွားချင်လို့လဲ "
"ဟိုလေ ကိုကိုအိမ်ပြန်ချင်လို့ မနက်ဖြန်ခွဲစိတ်ဖို့အတွက် စာရင်းသွားပြန်ကြည့်ရမယ် အဲဒါကြောင့် ကိုကို တစ်ချက် ပို့ပေး"
"မရဘူး"
"........"
"ကိုကို မောင်တို့ ခွဲနေရတာ ဒီလောက် နှစ်တွင် ကြာပြီး ဟာ မောင် ကိုကိုနဲ့ ထပ်ပြီး ခွဲမနေနိုင်တော့ဘူး"
"မဟုတ်ဘူးလေ မောင်ကလည်း ကိုကိုက အဲသဘောနဲ့ ပြောတာမဟုတ်ပါဘူး ခနလေးဘဲ စာရင်းသွားယူယုံလေးပါ "

Yizhan.  Fic .....Where stories live. Discover now