သင်္ကြန်ဒိုင်ယာရီ
Part-17
"ငါအခြောက်တွေကို ရွံတယ်တဲ့လား"မနက်စောစောစီးစီး တီလေးက ကင်းဆီကနေဖုန်းလာတယိဆို၍ အိပ်နေရာမှထကာ ပျော်ရွှင်ပြီး ဆင်းလာခဲ့တာ ဒီလိုမျိုးရင့်သီးတဲ့စကားတွေ ကြားဖို့တဲ့လား... ရုတ်တရတ်ဝမ်းနည်းလာမိတာမို့ သူမျက်ရည်တွေကျလာမိသည်။
သူဒီကိစ္စကို လက်မခံနိုင်၍ ကင်းဆီကို ဖုန်းထပ်ခေါ်မိလေသည်။ ဖုန်းက ဝင်သွားပေမဲ့ မကိုင်ပါ။ ထပ်ခေါ်တော့ ခေါ်လို့ မရတော့တာမို့ ကင်းကို လူချင်းတွေ့ကာ မေးရမည်ဟု တွေးမိသည်။သူအိမ်နေရင်း ညဝတ်အင်္ကျီဖြင့် အပြင်ကို ပြေးထွက်သွားဖို့ပြင်လျှင်
ဖေဖေက အခန်းထဲမှ ထွက်လာကာ
"သားငယ် အခုချက်ချင်း အဲ့နေရာမှာ ရပ်လိုက်စမ်း"
သူဖေဖေ့စကားကို နားမထောင်ပဲ ထွက်သွားဖို့ ပြင်လျှင် ဖေဖေက
"သားငယ် ဖေဖေပြောနေတယ်နော်"
သူငိုရင်း ဖေဖေ့ဘက်ကို လှည့်လိုက်ကာ
"ဖေဖေ သားကို သွားခွင့်ပေးပါ ဖေဖေ သားတောင်းပန်ပါတယ်"
"သားငယ်ကို ဖေဖေပြောထားပြီးပြီလေ သားငယ်ကို ယုံပြီး ဖေဖေတို့ဘက်က ဒီကိစ္စကို လက်ခံပေးခဲ့တယ်...ဒါပေမဲ့ တစ်ဖက်က သားငယ်တို့ ကိစ္စကို လက်မခံဘူးလေ...အထူးသဖြင့် ဖေဖေ့သားငယ် သိပ်ချစ်ပါတယ်ဆိုတဲ့ ဟိုကောင်လေးပေါ့"
အောင်နိုင်သူတစ်ယောက်ပမာပြောနေသော ဖေဖေ့စကားတွေက သူ့ရင်ကိုဓားဖြင့်မွှန်းနေသလို ခံရခက်လှသည်။ သူငိုနေရင်းကြားမှပင်
"မဟုတ်ဘူးဖေဖေ သားအခြောက်မဟုတ်ဘူး သူသားကို အခြောက်လို့ပြောသွားတယ်...သားဘဝမှာ ပထမဆုံး သူ့တစ်ယောက်တည်းကိုချစ်ခဲ့မိတာ သူမို့လို့ချစ်ခဲ့မိတာ သူသားကို ပြောရက်တယ် ဖေဖေရာ သားမခံစားနိုင်ဘူး။ သားသူ့ကို လူချင်းတွေ့ပြီး သေချာအောင်မေးချင်တယ် ဖေဖေရယ်နော် သားကို အပြင်သွားပြီး သူနဲ့တစ်ခါလောက်တွေ့ခွင့်ပေးပါ သူနဲ့သားကြားမှာ နားလည်မှုလွဲနေတာနေမှာပါ ကင်းက သားကိုသိပ်ချစ်တာ သားသိတယ်"
YOU ARE READING
သင်္ကြန်ဒိုင်ယာရီ- Thingyan Diary
Romanceသင်္ကြန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ဖတ်ကြည့်ပေးကြပါ 💕