Part-38

1.8K 101 3
                                    

သင်္ကြန်ဒိုင်ယာရီ
Part-38

ဒီတစ်ရက်နှစ်ရက်အတွင်း ကင်းကို သူလုံးဝဆက်သွယ်မရဖြစ်နေသည်။ ကင်းတိုက်ခန်းကို လိုက်သွားတော့လည်း သော့ကို ပိတ်ထားလေသည်။ ဖုန်းလည်းဆက်လို့မရ။ဖုန်းကိုဆက်တိုင်း စက်ပိတ်ထားသည်ကြည့်ပဲတိုးနေသည်မို့ စိတ်ပူမိသည်။

Empire Entertainment ထိ လိုက်သွားချင်ပေမဲ့ သူလိုက်သွားမှ သတင်းထောက်တွေတွေ့ပြီး ကင်းကို ပြဿနာဖြစ်စေမှာ သူကြောက်ပါသည်။ ဒါပေမဲ့ ဒီလိုမျိုး အနေအထားကြီးနဲ့လည်း သူအိမ်မှာ ပုန်းမနေချင်တော့တာ အမှန်ပါ။

ကင်းအကြောင်းတွေးနေရင်း ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ သူ့မန်နေဂျာ moriဖြစ်နေသည်မို့ သူဖုန်းကိုကိုင်လိုက်ရင်း

"Mori ဘာထူးလဲ..."

"Empire Entertainment ရဲ့ pageကို သွားကြည့်မှ ဖြစ်မယ် soul...သူတို့ဘက်က ဒီကိစ္စနဲ့ ပတ်သတ်ပြီး statement ထုတ်ထားတယ် "

"အိုကေ ကြည့်လိုက်မယ် mori ကျေးဇူးတင်ပါတယ်"

"ရပါတယ် soul... သူတို့ statementကို ဖတ်ပြီး moriဆီပြန်ဆက်သွယ်ပေးပါ"

တစ်ဖက်မှ moriဖုန်းချသွားမှ သူfacebookပေါ်တက်ကာ Empire Entertainment ရဲ့ website ကိုရှာကာ သူတို့wallထဲကို ဝင်ဖတ်မိသည်။

"အားလုံးပဲ မင်္ဂလာပါ... Empire Entertainmentကပါ... ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ companyက Artistဖြစ်သူ သောကကင်းနှင့် ပတ်သတ်ပြီး စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အကြောင်းအရာတွေကြောင့် ပထမဦးစွာ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်... ဒုတိယအနေနဲ့ အများအမြင်မှာ ပျံ့နှံ့နေတဲ့ သတင်းနှင့် ပတ်သတ်ပြီး ဒါဟာ မဟုတ်ကြောင်း ငြင်းဆိုပါတယ်။ သောကကင်းဟာ LGBTQတွေရဲ့ ဘဝတွေကို နားလည်လက်ခံပေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ လိင်တူခြင်း ကြိုက်နှစ်သက်သူတစ်ယောက် မဟုတ်ဘူးဆိုတာ အသိပေးပါရစေ။ ဒါဟာ တစ်စုံတစ်ဦးကနေ သောကကင်းနှင့် သူ၏ ပရိသတ်တွေကို အကွက်ကျကျ ကြံစည်နေတယ်ဆိုတာ ပြောချင်ပါတယ်။ နောက်နောင် ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် အကောင်းဆုံး ကြိုးစားနေထိုင်သွားပါမယ်။ "

သင်္ကြန်ဒိုင်ယာရီ- Thingyan Diary Where stories live. Discover now