Part-35

2.2K 135 1
                                    

သင်္ကြန်ဒိုင်ယာရီ
Part-35

ကင်းနှင့်ချစ်သူတွေပြန်ဖြစ်ကတည်းက ဒီရက်တွေမှာ သူအိမ်မှာမနေပဲ အလုပ်မှာဟု အကြောင်းပြကာ ကင်းတိုက်ခန်းသို့လိုက်နေခဲ့မိသည်။ သူတို့အတူ ထမင်းဟင်းချက်စားကြသည်...အပြင်မှာ လူမသိအောင်ထွက်လည်ကြသည်။ အခုတော့ ကင်းလည်း ဇာတ်လမ်းတွဲရိုက်ကွင်း ပြီးပြီမို့ ဒီရက်ပိုင်းမှာ နှစ်ယောက်သား ဘယ်မှ မသွားပဲ အတူတူအချိန်ဖြုန်းနေကြသည်။

ကင်းကလည်း အလုပ်တွေ လက်မခံထားသလို...သူကလည်း အလုပ်လက်ခံတာတွေရပ်ထားမို့ moriကို လှမ်းပြောထားရသေးသည်။ အခုတော့ သူက ဧည့်ခန်းမှာ သီချင်းရေးနေပြီး ကင်းကတော့ မီးဖိုချောင်မှာ သူတို့စားဖို့ ချက်ပြုတ်နေလေသည်။

ဟင်းချက်နေသော ကင်း၏ နောက်ကျောကို သူအနောက်ကနေ ခပ်ဖွဖွဖက်ကာ ကင်းပုခုံးပေါ်သို့ မေးတင်ထားလိုက်မိသည်။ အရပ်ရှည်လွန်းသော ကင်းပုခုံးပေါ်ကို မေးတင်နိုင်ဖို့ သူ့မှာ ခြေဖျားပင် ခပ်ဖွဖွ ထောက်ထားရသေးသည်။

ကင်းက ဟင်းချက်နေရင်း သူ့ကိုလှည့်ကြည့်ကာ သူ့နဖူးပြင်ကို ခပ်ဖွဖွ နမ်းလိုက်ရင်း

"ဗိုက်ဆာနေပြီလား အလင်္ကာ" ဟု မေးလေသည်။

သူကင်း၏ အမေးကို ခေါင်းခါလိုက်ရင်း

"မဆာသေးပါဘူး... ဧည့်ခန်းထဲမှာ စောင့်နေရတာ ပျင်းလို့ လာကြည့်တာ" ဟု ကင်းကိုသူပြန်ဖြေမိသည်။

"ဂိမ်းဆော့နေရင်း ကိုယ်ဟင်းချက်တာကို စောင့်နေလေ အလင်္ကာရဲ့ ... မကြာတော့ပါဘူး ခဏနေ ဟင်းချက်ပြီးတော့မှာ"

"ဂိမ်းကြည့်ပဲ ဆော့ရတာပျင်းလာပြီကွာ...ကျွန်တော် ကင်းကို ဘာကူရမလဲ..."

ကင်းက ဟင်းချက်ရင်းတန်းလန်း ဟင်းအိုးကို ပိတ်ကာ သူ့ဘက်ကို လှည့်လိုက်ပြီး သူ့ပုခုံးကို ဆုပ်ကိုင်ကာ

"ဟိုတစ်ခါလည်း မီးဖိုချောင်မှာ ဒီလိုလာကူရင်း လက်ကို ဓားရှပြီးပြီ... အဲ့ကတည်းက ကိုယ်မင်းကို ဘယ်တော့မှ ဟင်းချက်တဲ့ အလုပ် မလုပ်ခိုင်းတော့ဘူးလို့ တွေးလိုက်မိတယ်...ဒါကြောင့် ငြိမ်ငြိမ်လေးနေနော် လိမ္မာတယ်"

သင်္ကြန်ဒိုင်ယာရီ- Thingyan Diary Nơi câu chuyện tồn tại. Hãy khám phá bây giờ