Part-39

1.8K 107 12
                                    

သင်္ကြန်ဒိုင်ယာရီ
Part-39

"အားလုံးပဲ မင်္ဂလာပါ ကျွန်တော့်နာမည်က ဂျွန်ပါ... ကျွန်တော့်ပရိသတ်တွေကို ဒီနေ့ ဝန်ခံစရာအကြောင်းတစ်ခုရှိပါတယ်...အဲ့ဒီအရာကတော့ ကျွန်တော်က လိင်တူချစ်သူတစ်ယောက်ဆိုတာပါပဲ... ဒါပေမဲ့ ကျွန်တော်က လိင်တူချစ်သူတစ်ယောက်ဖြစ်နေမလားဆိုတာလည်း သိပ်မသေချာပါဘူး...အားလုံးပဲ ကျွန်တော့် စကားကို နားရှုပ်သွားကြမယ်ထင်ပါတယ်...တကယ်တော့ ကျွန်တော်က ယောက်ျားလေးတစ်ယောက်ထက် လူတစ်ယောက်ကို ချစ်မိခဲ့တာပါ...အဲ့ဒီလူက ကျွန်တော်အသက်14နှစ်မှာ ပထမဆုံး စတွေ့ခဲ့တာပါ...အသက်14နှစ်နဲ့ အချစ်တစ်ခုကို တွေ့တယ်ဆိုရင် လူတွေက ကျွန်တော့်အပေါ် ယုံကြည်ကြပါ့မလား မသိပေမဲ့ အဲ့ဒီတစ်ယောက်ကို တွေ့တဲ့အချိန်ကစပြီး နင့်နင့်သည်းသည်း ချစ်သွားခဲ့တာပါ သူ့ကိုစတွေ့ခဲ့တာ သင်္ကြန်မဏ္ဏပ်တစ်ခုဘေးမှာပါ ရေလောင်းပြီး မိတ်ဆက်ခဲ့ပေမဲ့ သူ့နာမညိကို ကျွန်တော်လုံးဝမသိခဲ့ရပါဘူး..ကံကောင်းချင်တော့ ကျွန်တော် အဲ့ဒီလူကို ရန်ကုန်မြို့လည်မှာ ပြန်တွေ့တယ်ဗျ မုန့်ထုပ်တွေ အများကြီးနဲ့ ကားလမ်းကူးရင်း တိုက်မိမလိုဖြစ်နေတဲ့သူ့ကို ကျွန်တော် ကယ်ခဲ့ဖူးတယ် သူကတော့ အဲ့ဒီအချိန်က ကျွန်တော့်ကို မှတ်မိခဲ့တဲ့ ပုံမပေါ်ပါဘူး...ဒါပေမဲ့ ကျွန်တော် သူ့ကိုမှတ်မိခဲ့တယ် ရင်တွေအတိုင်းအဆမရှိခုန်နေခဲ့ပေမဲ့ ကျွန်တော့်မှာ အရေးကြီး ကိစ္စလေးတစ်ခုရှိနေလို့ ကျွန်တော်သူ့ကို ထားရစ်ခဲ့ရတယ်...နောက်ကြတော့ ကျွန်တော်ပွဲဦးထွက်ရမယ့် အချိန်မှာ ကျွန်တော်သူနဲ့ ထပ်ဆုံတွေ့ပြန်တယ်...ကံတရားက ဆန်းကြယ်လိုက်တာဗျာ သူက ကျွန်တော့်albumတစ်ချပ်စာလုံးကို ရေးပေးမယ့် ကျွန်တော် အနှစ်သက်ဆုံး တေးရေးဖြစ်နေတယ် သူ့နာမည်က soulပါ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သူ့ကို သင်္ကြန်မှာတွေ့ပြီး နှလုံးသားထဲကနေ နင့်နေအောင်ချစ်ခဲ့ရတာ... ကျွန်တော် ဒီအကြောင်းတွေကို ထုတ်ဖော်မပြောချင်ပေမဲ့ အားလုံးက သူ့ကို ရွံစရာလူတစ်ယောက်လို ဆက်ဆံနေကြလို့ပါ... ကျွန်တော်ချစ်ရတဲ့သူ အခက်အခဲကြုံလာတဲ့အခါမှာ ကျွန်တော်သူ့ကို ကာကွယ်ပေးချင်တယ် ဖေးမချင်တယ် နှစ်သိမ့်ပေးချင်တယ် ဒါကြောင့် ကျွန်တော့်ပရိသတ်တွေကို ဝန်ခံတာပါ... ကျွန်တော်ချစ်ရတဲ့သူလည်း အခုဒီစာကို ဖတ်မှ သူဆိုတာ သိမှာပါ...soul ကျွန်တော် တစ်ဖက်သတ်ချစ်ခဲ့ရတာ ငါးနှစ်ကျော်ခဲ့ပြီ ကျွန်တော် soulကို ကျွန်တော့်အချစ်တွေ ဝန်ခံချင်ပါတယ်...ကျွန်တော် soulရဲ့ ကောင်လေး ဖြစ်ခွင့်ရှိမလား"

သင်္ကြန်ဒိုင်ယာရီ- Thingyan Diary Hikayelerin yaşadığı yer. Şimdi keşfedin