[ အပိုင်း ၁ ]

2.2K 86 22
                                    

#Unicode
ဆောင်းရာသီ၏ငွေနှင်းမှုန်ဖွေးဖွေးများကြားမှ ရောင်စုံခုနှစ်ဖြာကွန့်မြူးပြီး ထွက်ပေါ်လာသောသူရိန်နေမင်းခြယ်သလိုက်သည့် မိုးကောင်းကင်အလှမှာနံနက်ခင်းအချိန်တွင်အလွန်တရာမျှ ကြည်နူးဖွယ်ကောင်းလှပါသည်။တိတ်ဆိတ်နေသောရပ်ကွက်ငယ်လေးမှအိမ်များစွာတို့သည် ထိုနှင်းမှုန်များကွယ်ပျောက်သွားခါမှထွက်ပေါ်လာတော့သည်။ထိုအိမ်များစွာထဲမှကိုယ်ပိုင်ခြံဝန်းလေးနှင့်ကလေးဆန်ဆန်ပန်းရောင်ဖြင့်ခြယ်သ​ထားသော နှစ်ထပ်အိမ်ပုကလေးက အေးချမ်းစွာတည်ရှိလို့နေသည်။ ထိုခြံဝန်းလေးတွင် ဒန်းကလေးတစ်ခုနှင့် သင်းပျံ့စွာပွင့်လင်းနေသော အပင်တစ်ချို့ရှိနေသည်။
အောက်ထပ်မှာတော့ထမင်းစားပွဲတွင်ထိုင်ကာ သတင်းစာဖတ်နေသော ထိုအိမ်ရဲ့အိမ်ထောင်ဦးစီးဖြစ်သလို သားနှစ်ယောက်ရဲ့ကျွေးဖခင်၊ထို့နောက်မီးဖိုချောင်​တွင်အလုပ်ရှုပ်နေသောမွေးမိခင်ဖြစ်သူနှင့်သားအကြီးကိုတွေ့ရပေမည်။ထိုအိမ်ရဲ့အမွှေသမားလေးကတော့နေဖင်ထိုး​​တာတောင်မထသေးပဲအိပ်ကောင်းနေတုန်းပင်။

" သားကြီး ကလေးကိုသွားနှိုးတော့လေ သားကြီးသူငယ်ချင်းကိုသွားကြိုရမှာဆို နောက်ကျနေမယ် "

" ဟုတ်ကဲ့အိုမား "

အိုမားပြောပြီးသည်နှင့် အိမ်ပေါ်ထပ်က သူ၏တစ်ဦးတည်းသော ငယ်လေးကိုနှိုးဖို့တက်လာတော့သည်။ အခန်းတံခါးဖွင့်လိုက်သည်နှင့် သက်ပြင်းတစ်ချက်ချကာ ခေါင်းခါမိသည်။ အရုပ်ပေါင်းများစွာကိုတစ်ခုချင်းစီကောက်ပြီးသူ့နေရာနှင့်သူအစီအရီထားပြီးမှ ကုတင်ပေါ်က ဆောင်းရာသီ၏ချမ်းစိမ့်မှု့ ကြောင့်ပုစွန်ကွေး ကွေးကာအိပ်မောကျနေသောငယ်လေးအား လှုပ်နိုးရသည်။

" ငယ်လေးရေ ထတော့ အောက်မှာပါးကောအိုမားကောကမနက်စာစားဖို့စောင့်နေပြီ ပြီးတော့
ဟျောင်းလ်နဲ့လည်း အပြင်လိုက်ခဲ့ရမှာလေ..."

ထိုအခါမှမျက်လုံးအားဖြေးဖြေးချင်းဖွင့်ပြီးအင်း
အဲလုပ်ကာပြန်နှက်နေသေးသည်။သူ့မှာငယ်လေး၏ထိုပုံစံလေးကြောင့်မပြုံးဘဲမနေနိုင်တော့ ဒီလောက်အိပ်ထားတာတောင်ပြန်အိပ်ချင်နေသေးတဲ့ကောင်ဆိုးလေး တစ်အိမ်လုံးကအလိုလိုက်ထားတာကြောင့်ကလေးဆိုး ဆိုးချင်သည်။အထက်တန်းကျောင်းသားဖြစ်သော်လည်း အိပ်တာနဲ့စားတာကိုဘဲနှစ်ခြိုက်တဲ့သူ
ပေါင်းတဲ့သူငယ်ချင်းကလည်းဆိုဒ်တူဂိုက်တူ သူနဲ့အမွှာလားထင်မှတ်ရသည်။သူငယ်ချင်းနှစ်ယောက်အိမ်မှာအတူရှိပြီဆိုနားကိုညီးရသည် ဂိမ်းဆော့လိုက် စကားများလိုက်နှင့်ကျောင်းပိတ်ရက်ကိုအချိန်ကုန်ကြသည်။ပြောသာပြောရတာဒီအဆိုးလေးကိုဘဲသူတို့တစ်မိသားစုလုံးကဝိုင်းချစ်နေရတာမှတ်လား...။

HEE's DADDY! [ Completed ] Where stories live. Discover now