[ အပိုင်း ၁၃ ]

531 50 4
                                    

#Unicode
ဟီဆွန်း ဒီနေ့ကျောင်းသွားတာ စိတ်မပါ...ကိုကို့ ကိုလည်းစိတ်အရမ်းဆိုးပါသည် မနက်flightနဲ့သွားမှာသိလို့ စောစောထပေမယ့် နိုးလာတော့ ကိုကို့ကို မတွေ့လို့ အိုမားတို့ကိုမေးလိုက်မှ ' သားဆောင်းဟွန်းလေးက မနက်ဝေလီဝေလင်းထဲကထွက်သွားတာတဲ့'လေ... ကိုယ့်မှာနှုတ်ဆက်ချင်တာတောင်မနှုတ်ဆက်လိုက်ရ...ပြန်လာရင်တော့ စိတ်အကြီးကြီးကောက်ပစ်အုန်းမည်။

လေယာဥ်ပေါ်သာ လူကရောက်နေပေမယ့် စိတ်ကတော့ ကလေးဆီမှာပင်...အခုနေ သူ့ကိုမနှုတ်ဆက်လိုက်ရလို့ စိတ်ဆိုးနေမလားဟု တွေးကာ သဘောကျမိသေး။ ကလေးကိုမနှုတ်ဆက်ခဲ့ပါ ဘာလို့ဆိုကိုယ်တို့ကဝေးသွားကြမယ့်သူတွေမှမဟုတ်တာဘဲလေ
ပြန်လာမှကိုယ်ကအာဘွားအကြီးကြီးပေးပြီးချော့ပါ့မယ် ကလေးငယ်...။

~~~~~~~~~~~~

မားတို့ဆီကိုရောက်သွားတော့ အကုန်လုံးကအံ့သြနေကြသည်..ကိုယ်ကလည်း အကြောင်းမကြားဘဲ လာခဲ့တာကိုး

" သားကလည်းကွယ်..လာတာကိုအကြောင်းမကြားဘာမကြားနဲ့ "

မားကတော့ အရင်ပုံအတိုင်း လှနေတုန်း...သူ့ကိုဆိုအမြဲနားလည်ပေးပြီးလုပ်ချင်တာမှန်သမျှလုပ်ခွင့်ပေးတဲ့သူ သို့သော်လမ်းမှားရောက်ရင်တော့ သူများထက်ပိုဆူတဲ့သူပင်...

" ဒီလိုဘဲဖြစ်သွားတယ် မား...လာပါအုန်း မားကိုသားကလွမ်းနေတာ "

ကလေးလို ရင်ခွင်ထဲပြေးဝင်ကာ ဖက်လာတဲ့သားဖြစ်သူကိုကြည့်ပြီးမပြုံးဘဲမနေနိုင်... ဒီကလေးဟာလေ အသက်သာကြီးလာတာ ကလေးစိတ်ကမပျောက်သေး

" မား..ပါးမရှိဘူးလား "

" ဟုတ်တယ် ပါးကညနေလောက်မှပြန်လာတာလေ "

သူ့ပါးက ဒီကိုပြောင်းလာပြီး ကုမ္ပဏီတစ်ခုထူထောင်လာတာ အခုထိပင် အသက်ကြီးနေပြီနားပါပြောလည်းနားမထောင် ပြောလိုက်ရင် ငါကအကောင်းကြီးရှိသေးသည်...

" ဒါနဲ့အဘွားကော "

" အခန်းထဲမှာအိပ်နေတယ်သား..အရင်ကထက်စာရင်သက်သာတယ်ပြောရမယ် "

သူ့အဘွားကလူကြီးရောဂါဖြစ်နေတာကြာခဲ့ပြီ...
သက်သာလို့​ တော်သေးတယ်ပြောရမယ်..အိမ်မှာ မားပြီးရင် ကျနော့်ကိုအလိုလိုက်ဆုံးက အဘွားဘဲမဟုတ်လား...

HEE's DADDY! [ Completed ] Where stories live. Discover now