[ Extra - 1 ]

714 56 24
                                    

#Unicode
" တော်လိုက်တော့ ငယ်...ကိုကို့ ကိုစိတ်တိုအောင်မလုပ်နဲ့! "

" မဟုတ်ဘူးလေ ကိုကိုရာ...အခုခေတ်မှာ နည်းပညာတွေဖွံဖြိုးနေတာဘဲဟာ ဒီလောက်ကဘာမှမဖြစ်ပါဘူး သူများတွေလည်းဒီလိုပဲဟာ.."

ငယ်..ငယ် ချစ်လွန်းလို့အထိအခိုက်မခံအောင်ဂရုစိုက်ခဲ့တာ ဒီလောက်လေးတဲ့လား

" ငယ်! ဒီလောက်လေးဟုတ်လား နည်းပညာဆိုတာယုံရလို့လားပြော အခန့်မသင့်ရင် မင်းအသက်! ဟင်းး "

သက်ပြင်းတစ်ချက်ချလိုက်မိသည်

" ငယ် ကိုယ်ပြောတာနား​ထောင်...ကိုယ်ချစ်ရတဲ့မင်းကို ကိုယ်နည်းနည်းလေးတောင်အဆုံးရှုံးမခံနိုင်ဘူး...ငယ့်ကို ကိုယ်နားလည်ပါတယ် ဒါပေမယ့် ဒီလောက်အန္တရာယ်များတာကိုမလုပ်ချင်စမ်းပါနဲ့ နော်..ငယ် ကိုယ့်စကားကိုနားထောင်ပါကွာ "

အခုထိ ကိုကိုက သူ့စိတ်ကိုနားမလည်သေးဘူးဘဲ
သူလည်း သူများမိသားစုတွေလို ကိုကို့အတွက် မိသားစုအသိုက်အမြုံလေးတည်ဆောက်ပေးချင်ခဲ့တာ ဒါကို ကိုကိုကနားမလည်ပါ သူဝမ်းနည်းတယ် ကိုကိုက သူ့အပေါ်နားလည်ပေးမယ်ထင်ခဲ့တာ

ဆောင်းဟွန်း ထိုကလေးမျက်နှာမကောင်းတာသိသော်လည်း ပျော့လို့မဖြစ်...။ သူတို့နှစ်ယောက် လက်ထပ်ပြီးခါစက ငယ် သည် ဒီလိုမဟုတ် သူ့အပေါ်ဆိုးသည် ဂျစ်သည် ဒါကိုလည်းသူဘောကျတယ်။ နောက်ဘယ်လိုကနေဘယ်လိုဖြစ်လို့ ကလေးမွေးချင်တယ် ကိုကိုဆိုပြီး စကားစလာသည်။ သူဒါကိုလက်မခံပါ တခြားဟာတွေ​ကြိုက်တာပြော သူအားလုံးလက်ခံပေးမည် ဒီလိုအန္တရာယ်များ ငယ် ဒုက္ခရောက်ခံပြီးမွေးရမယ့်ကလေး မလိုချင်ပါ သူ့မှာ ကလေးမရှိလည်းဘာအရေးလဲ ဟော့ဒီက ငယ့်ကိုဘဲ ကလေးလေးလိုချစ်မှာပေါ့...အတန်တန်ပြောလည်းဒီကောင်လေး နားမလည်ပါ။ ကိုယ်ကတော့သူ့ကိုဆုံးရှုံးရမှာကြောက်လို့ တားမြစ်နေခြင်းကိုလည်းလက်မခံ...အဲ့နောက်ပိုင်း ငယ် က သူ့ကိုမတွယ်ကပ်တော့ပေ ကလေးယူဖို့ကိုနောက်ပိုင်း ငယ်ထပ်မပြောပါ
အခု မှထပ်ပြီး ကလေးကိစ္စထပ်ပြောပြန်တယ် သူလက်မခံရော ငယ် ဘက်ကတိတ်ဆိတ်သွားပြန်ရော
' ဟူး... ကိုယ်ဘယ်လိုလုပ်ပေးမှငယ် အရင်လိုပြန်ဖြစ်မှာလဲ'

HEE's DADDY! [ Completed ] Where stories live. Discover now