[ အပိုင်း ၈ ]

515 54 32
                                    

#Unicode
" သားကြီး... မင်းညီလေး ကိုသွားခေါ်အုန်း ပြန်ရောက်လာတည်းကအခန်းထဲအောင်းနေတာ "

" ဟုတ်လား ဘာဖစ်လို့များလဲ သားသွားကြည့်ကြည့်အုန်းမယ် "

" အေးအေး "

ဂျေးထသွားသော ဆောင်းဟွန်းလည်းလိုက်ထသည် သူသိချင်သည်လေ ကလေးနေများမကောင်းဖြစ်နေလားမှမသိတာ

" ဆောင်းဟွန်း မင်းကဘာလိုက်လုပ် "

" ဟီးယောက်ဖကလည်း ငါလည်းပိစိလေးကိုစိတ်ပူလို့ပါကွ "

" ဟွန်း ပိုကိုပိုတယ် "

အခန်းတံခါးကို ဂျေး ခေါက်လိုက်တော့ အထဲကနေအသံစာစာလေးထွက်လာသည်

" လာပြီ ..."
အသံလေးကြားတာတောင်ရင်တွေခုန်လာတဲ့ဆောင်းဟွန်း မင်းလည်းတော်တော်ရူးနေပြီထင်တယ် ဟူး
သူသက်ပြင်းချပြီးလေမှုတ်ထုတ်လိုက်တာမို့ အရှေ့က ဂျေး ဆံပင်များမှာ 'မင်းရဲ့ဆံနွယ်တွေ လေမှာလွင့်နေပြီ' သီချင်းလို ဝဲပျံသွားတော့သည်

ဂျေး ကမျက်လုံးစိမ်းကြီးနဲ့ လာကြည့်တာမို့ မရှိရှိတဲ့သွားတွေအကုန်ဖြီးပြရတော့သည် မဟုတ်ရင်ယောက်ဖက ဒေါသကြီး တော်ကြာ ကလေးနဲ့သဘောမတူရင်ဒုက္ခ

" ဘယ်သူလဲ " ဟုအသံထွက်ကာ တံခါးကိုလာ​ဖွင့်တဲ့ကျနော့်ကလေး

" ဟျောင်းလ်ပါ ငယ်လေး...ငယ်လေးပြန်ရောက်တည်းကအခန်းထဲအောင်းနေတယ်လို့ အိုမားကပြောတယ် နေမကောင်းလို့လား "

သူပြန်ပြောမယ်အလုပ်ခပ်နွေးနွေးလက်ဖဝါးသည် သူ့နှာဖူးပေါ်သို့ရောက်လာသည် လက်ပိုင်ရှင်က
ဟျောင်းလ်တော့မဟုတ် ထိုလူကြီးပင်။

ဆောင်းဟွန်းတစ်ယောက်  ဂျေး စကားဆုံးပြီးတာနဲ့ လက်ကသူ့အလိုလို ကလေးနှာဖူးကိုသွားစမ်းမိသည်
သတိဝင်မှ ကလေးကိုကြည့်မိလိုက်တော့ ငြိမ်သက်နေလေသည် ယောက်ဖကြီးကတော့ မနိုင်ဘူး ဆိုတဲ့ပုံနဲ့လာကြည့်သည် ကိုယ်ကလည်းကိုယ် တော်တော်ဖြစ်နေတာကိုး

" အော်.. ဆော်ရီးပါ "

ဟျောင်းလ် နောက်က လူကြီးကိုကြည့်ပြီး ငြိမ်သက်နေတဲ့နှလုံးသားကတစ်ဖန်ခုန်ပေါက်လာသည် သူနဲ့တွေ့မှဘဲ နှလုံးခုန်တွေမြန်လာသည် ထို့နောက် သူ့နှာဖူးပေါ် ထိုလူကြီးလာစမ်းတော့သည် အသက်ရှူပါရပ်တန့်သွားသလိုခံစားလိုက်ရသည် ဒါကြောင့် ပြောမိပြောရာ ပြောလိုက်သည်

HEE's DADDY! [ Completed ] Where stories live. Discover now