[ အပ်ိုင်း ၁၂ ]

684 52 23
                                    

#Unicode
အိမ်နားရောက်ခါနီး ကလေးက တွဲထားသော လက်ကိုဖြုတ်ချလေသည် နားမလည်​တာကြောင့် မေးဖို့အပြင်

" ဟို..တစ်မျိုးမထင်ပါနဲ့ကိုကို..အခုချိန် ကိုကိုနဲ့ကျနော်တွဲတာကို ဘယ်သူမှမသိစေချင်လို့ပါ...ကျနော့်ကိုနားလည်ပေးပါနော်.."

ကလေးကသူနဲ့တွဲရတာ ရှက်တာလား? ကိုယ့်ကိုရောနားမလည်ပေးဘူးလားကလေးရာ... စိတ်မကောင်းဖြစ်သွားပေမယ့် ကလေးစိတ်ဆင်းရဲမှာကြောက်တာကြောင့်ပြုံးပြလိုက်သည်။

  " အင်းရပါတယ်...ကိုယ်မပြောပါဘူးစိတ်ချ..ကလေးအဆင်သင့်ဖြစ်မှပြောပြတာပေါ့"

ကလေးကခြေဖျားက​လေးထောက်ကာ ပါးတစ်ဖက်ကို အနမ်းခြွေပြီး အနားသို့ကပ်ကာ 

" ကျေးဇူးတင်ပါတယ် ကိုကို " တဲ့လေ....

နူးညံ့သော အနမ်းကြောင့်စိတ်မကောင်းတာတောင်ဘယ်ရောက်သွားမှန်းမသိ.... ထို့နောက် သူဟာ သူနမ်းပြီးရှက်လို့ထင်ပါရဲ့ အိမ်ထဲကိုဝင်ပြေးသွားတာတန်းနေတာဘဲ။ . . . . . .

အိမ်ထဲဝင်လာတော့ အိုမားကလူကို​မြင်တော့ ပြေးဖက်ကာငိုတော့သည် ဒီလိုကျပြန်​တော့လည်းသူစိတ်မကောင်း...ခြေဦးတည့်ရာရှောက်သွားမိလို့မိဘတွေကိုစိတ်ပူစေမိပြီ...

" တော်သေးတာပေါ့ အိုမားသားလေး ​မသေကောင်းမပျောက်ကောင်း ဘာဖြစ်သွားသေးလဲ"

  လူတစ်ကိုယ်လုံးကိုလှည့်ပတ်ပြီးမေးနေသော အိုမားကြောင့်ပြုံးမိသည်...

" စိတ်ပူစေမိလို့တောင်းပန်ပါတယ်..ပြီးတော့သားဘာမှမဖြစ်ပါဘူး မငိုနဲ့တော့နော် "

  အိုမားမျက်နှာပေါ်ကမျက်ရည်တစ်ချို့ကိုသူ့လက်သွယ်သွယ်လေးဖြင့်ဖယ်ရှားကာ တောင်းပန်မိသည်

" သားလေး မင်းကဘာအမှားလုပ်လို့တောင်းပန်ရတာလဲ...သားသာ တစ်ခုခုဖြစ်ကြည့် အိုမားတို့ရင်ကျိုးရမှာ "

သူသိတာပေါ့ အိုမားတို့ကသူ့ကိုသိပ်ချစ်တာကို

  " သားကတိပေးပါတယ် နောက်ဆိုအိုမားတို့စိတ်ပူရအောင်မလုပ်တော့ပါဘူး " 

အိုမားကကျနော့်ခေါင်းကိုခပ်ဖွဖွထုကာ 

" ကိုယ့်သားကိုယ် စိတ်ပူတာဖြစ်သင့်တာဘဲမဟုတ်ဘူးလား...လာ သားဘာမှမစားရသေးဘူးမဟုတ်လား...အိုမားတစ်ခုခုလုပ်ပေးမယ် "

HEE's DADDY! [ Completed ] Where stories live. Discover now