Unicode
ဝမ်းပန်းတသာဖြင့် နောက်လှည့်ကာ ရာပြည့်
နာမည်ကို ခေါ်လိုက်သော်လည်း ရာပြည့်ပင်မဟုတ်ပေ။ စိတ်အခြေအနေမှာ လုံးဝရောက်ရက်ခက်သွားသည်။ စိတ်မပါ လက်မပါနဲ့ပဲ ထီးဆောင်းပေးထားသော အမိုးအောက်က လှည့်ထွက်သွားခဲ့သည်။ ကျွန်တော် လှည့်
ထွက်ခဲ့သော်လည်း မိုးစက်များ ကျွန်တော့်ပေါ်သို့ ပြန်
ကျမလာပါ။ ကျွန်တော့်အဖြစ်သည် သနားစရာကလေးငယ်တယောက်သာသာလို့သာ ကိုယ့်ကိုကိုယ်သတ်မှတ်
ပြီး ဘယ်သူ့ အကူအညီမှမယူဖို့ ကျွန်တော့်စိတ်ကို ကျွန်
တော် ပြောဆိုနေမိသည်။ သို့ပေမယ့် အနောက်က ထီးဆောင်းထားပေးသူမှာ ဆောင်းပေးလျက်ပင်။ ထိုလူမှာ
ရာပြည့်သာဖြစ်ရင် ကောင်းမည်ဟု တွေးတောနေမိ
သည်။ ကျွန်တော် အိမ်သို့မပြန်ချင်ပါ။ ဒီနေ့ဟာ ဝမ်းနည်းဖို့ကောင်းစွာနဲ့ပဲ ကျွန်တော့်မွေးနေ့ဖြစ်နေသော
ကြောင့်ဖြစ်သည်။ မနက်က ရာပြည့် သူ့ကိုပြန်ရင်
စောင့်ဖို့ ပြောခဲ့သော စကားမှာ ကျွန်တော့် မွေးနေ့ကို Surprise တိုက်မည်ဟု အထင်မှားခဲ့သောကြောင့်ပင်
ဖြစ်သည်။ ဝမ်းနည်းမျက်ရည်နဲ့ ရှက်ရွံ့မှုတွေဟာ အတားအဆီးမဲ့ ပါးပြင်ပေါ်သို့ စီးကျလာသည်။
ကျွန်တော် ငိုချင်သည်။ တယောက်ယောက်ကို ဖက်ပြီး ငိုချင်သည်။ ကျွန်တော့် ခံစားချက်တွေကို နားလည်ပေးနိုင်မယ့် လူတယောက်ဆီမှာ ငိုချင်သည်။ ထိုလူမှာ
ရာပြည့်မှ လွှဲ၍ပင် မည်သူဖြစ်ဖြစ်။ ကျွန်တော် အရှက်မဲ့စွာနဲ့ပင် အနောက်သို့လှည့်ကာ ထီးဆောင်းပေးထားသော လူကို ပြေးဖက်လိုက်မိသည်။ မိနစ်အတော်အကြာ ထိုလူမှာ ကျွန်တော့်ကို ဘာမှမပြောပေ။ ပုံမှန်ဆို ရုတ်တရုတ်ကြီး ကိုယ့်ကို လာဖက်တဲ့သူကို မည်သူမဆို လန့်၍ ဖယ်ထုတ်လောက်ပေမည်။ သို့ပေမယ့် ထိုသူမှာ ထိုသို့
ပင်မဟုတ်။ ကျွန်တော့်ကို နွေးထွေးစွာဖက်ပေးထားပြီး
ကျွန်တော့်ရဲ့ ဆံပင်တွေကိုလည်း ပွတ်သပ်ပေးနေသည်။ ထိုလူ၏ နှုတ်ခမ်းမှလည်း "အဆင်ပြေသွားမှာပါ"ဟု ထပ်တလဲလဲတီးတိုး ကျွန်တော့်ကိုပြောနေသည်။
ကျွန်တော် ကြားချင်သော စကားဖြစ်ပေမယ့် နှစ်သိမ့်
ပေးသူမှာ ရာပြည့်မဟုတ်သောကြောင့် စိတ်မကျေနပ်
နိုင်ပေ။ ကျွန်တော် အရှက်မဲ့စွာနဲ့ပဲ အချိန်အတော်ကြာ ထိုလူကို အားကိုးရာမဲ့ပုံစံဖြင့်ဖက်ထားမိလေသည်။
