အခန်း (၁)
နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်. . .🌹
(BL Novella)
______________________________________အရှိန်ပြင်းပြင်းမောင်းလာသော ပြိုင်ကားတစ်စီးသည် ကျောင်းဝင်းထဲသို့ဝင်လာခဲ့သည်။ပြိုင်ကားအရောင်က အနက်ရောင်၊နောက်ဆုံးပေါ် BMWကားအမျိုးအစားဖြစ်သည်။ထိုကားကို လူတိုင်းက အထူးအဆန်းလိုကြည့်နေကြသည်။ပြိုင်ကားလေးသည် ကျောင်းအရှေ့ပေါက်တွင် ရပ်လိုက်ပြီး။
ထိုပြိုင်ကားလေးထဲမှ သွယ်လျသောခြေထောက်ကလေးနှင့်အတူဒေါက်မြင့်ဖိနပ်အနီရောင်လေးနှင့် ကောင်မလေးတစ်ယောက်ဆင်းလာသည်။ဆံပင်က ရွှေရောင်နှင့်အညိုရောင်ရောကာဆိုးထားသည်။သူမ၏ ရုပ်ရည်သည် အရမ်းကြီးမလှသော်လည်း သူမ၏ပစ္စည်းများဖြစ်သောဒေါက်ဖိနပ်Gucciလက်ကိုင်အိတ်
၊accessoriesများသည် သူမကို အရောင်တင်ပေးနေသလိုပင်။ထိုကောင်မလေးသည် တစ်ကျောင်းလုံး၏
Queenဖြစ်ပြီး လွန်စွာမောက်မာသည်။
အတန်းထဲရှိကျောင်းသားများအား မတူသလိုမတန်သလိုဆက်ဆံသည်။သူမသည်
" ရွှေရည် " ဆိုသောမိန်းကလေးဖြစ်သည်။ရွှေရည်၏ ကားနားသို့ ဒေစီနှင့်ဇင်မာ ဟူသောကောင်မနှစ်ယောက်သည် အပြေးသွားကြပြီး ရွှေရည်အနားကိုရောက်တော့
" ဟယ်...လှလိုက်တာရွှေရည်ရယ်၊နင်က တစ်နေ့တခြားပိုလှလာတယ်နော်....ဟုတ်တယ်မလား ဇင်မာ " ဟု ဒေစီကမေးလိုက်သည်။
ဒေစီကလည်း " ဟုတ်တယ်....ဟုတ်တယ် " ဟု ခေါင်းငြိမ့်ကာ ထောက်ခံသည်။
ရွှေရည်က ဒေစီနှင့်ဇင်မာတို့ကို စိတ်မပါသလိုတစ်ချက်ပြုံးပြလိုက်ပြီးနောက်
" နင်တို့မပြောလဲ...ငါလှတာငါသိပါတယ်အေ "
" ဒါနဲ့ လက်ကိုင်အိတ်က အသစ်လား ရွှေရည် " ဟု ဇင်မာကမေးလိုက်သည်။
" ဟုတ်တယ် တို့ Singaporeကနေပြန်လာတော့ ဝယ်လာတာလေ လှတယ်မလား " ဆိုကာ လက်ထဲတွင် ကိုင်ထားသော ပန်းရောင်လက်ကိုင်အိတ်လေးကို မေးငေါ့ပြကာ ပြောလိုက်သည်။
" အေဟယ်...လှတယ်နော် နင်နဲ့
အရမ်းလိုက်တာပဲ "ထိုစကားကိုကြားတော့ ရွှေရည် ကျေနပ်သွားသည်။သူမသည် ချီးမွမ်းခံချင်သည်။
ဒါကိုသိသော ဒေစီနှင့်ဇင်မာတို့နှစ်ယောက်သည် ရွှေရည်၏အနားတွင် ကပ်ဖားကာစားနေကြခြင်းဖြစ်သည်။သူမ ခိုင်းသမျှကို
သူတို့နှစ်ယောက်သည် အကုန်လုပ်ပေးသည်။လမ်းလျှောက်လျင်လည်း ဘေးကနေ အခိုင်းစေနှစ်ယောက်လိုမျိုး အမြဲပါတက်ပါသည်။
YOU ARE READING
နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်(Completed)
Short Storyကြမ်းတမ်းတဲ့လောကဓံနဲ့ဘဝအခက်အခဲတွေကြား ကြိုးစားရုန်းကန်နေရတဲ့ "သွေး" "သွေး" အားအမြဲနားလည် ကူညီပေးတတ်တဲ့ "အောင်ခန့်ပိုင်" ငယ်စဥ်ကတည်းက မိဘတွေကိုဆုံးရှုံးလိုက်ရတဲ့အောင်ခန့်ပိုင် အတွက် ဦးနေရောင် ( ရွှေရည် ၏ဖခင်) ဟာ ကျေးဇူးရှင်ဖြစ်လာခဲ့တယ်.......။ ကျေးဇ...