အပိုင်း - ၉ (U+Z)

730 40 0
                                    

နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်. . .🌹
(BL Novella)

သွေးသည် ဦးနေရောင်နှင့်အတူ မန္တလေးကို လိုက်သွားခဲ့သည်။မန္တလေးရောက်တော့ အမေရဲ့ဆေးရုံကိစ္စတွေပြင်ဆင်ပြီး
ဦးနေရောင်ရဲ့ အိမ်ကိုတစ်ခါတည်းလိုက်သွားခဲ့ပါသည်။ဦးနေရောင်၏ အိမ်ကိုရောက်တော့ ထိုအိမ်ကို သွေးမြင်ဖူးပါသည်။‌ရောက်ဖူးသည်။ထိုအိမ်သည်
‌ရွှေရည်ရဲ့ အိမ်ပဲဖြစ်သည်။ဒါဆိုရင် ဦးနေရောင်က ရွှေရည်ရဲ့အဖေပေါ့။သူအရမ်း
အံဩသွားသည်။လုံးဝမထင်မှတ်သော ကိစ္စတစ်ခု ဖြစ်သည်။သည်လိုမျိုး ရွှေရည်နှင့်ပြန်ဆုံရမည် ဟု သူမျှော်လင့်မထားမိပါ။သို့သော် ကံကြမ္မာက ထိုသို့ဆုံလာစေရန် အကြောင်းဖန်လာတော့လည်းး။သူသည် ဦးနေရောင်ကို အသုံးချကာ ရွှေရည်ကို လက်စားချေနိုင်မည် အခွင့်အရေးကို သူရ‌ပြီ။အိမ်ထဲတွင် အိမ်ထိန်းအဒေါ်ကြီးနဲ့ ခြံထဲရှိအလုပ်သမားများသာ ရှိသည်။ရွှေရည် ကိုတော့ သူ မတွေ့မိ‌သေးပါ။ဦးနေရောင်က သွေးကို အောက်ထပ်က
သူ့အခန်းရဲ့‌ အောက်ကအခန်းမှာ နေခိုင်းပါသည်။ သွေးသည် ခြံထဲကို လှည့်ပက်ကြည့်ရင်း အိမ်ရဲ့အရှေ့ဘက်က စံပယ်ပန်းပင်များကို သူတွေ့သည်။စံပယ်ရုံများမှာ အတန်းလိုက်လှပစွာပေါက်နေသည်။သူ သဘောကျနေပါသည်။သူ ခြံထဲလှည့်ပက်ကြည့်ပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့ပါသည်။အိမ်ထဲရောက်တော့

" ကြီးမေ...ဟိုခြံရှေ့က စံပယ်ပင်တွေက ဘယ်သူစိုက်ထားတာလဲဟင် "

" အဲ့တာတွေလား အဲ့စံပယ်ပင်တွေက
ဆရာ့ရဲ့သမီး စိုက်ထားတာလေ သူက အဲ့အပင်လေးတွေကို အရမ်းမြတ်နိုးတာ သူ့အမေမသေခင်က စိုက်သွားတဲ့ နောက်ဆုံးအပင်လေးမလို့လေ အရမ်းလည်းတန်ဖိုးထားတယ် "

" ဟုတ်လား....ကြီးမေ "

သွေး သည် ဦးနေရောင်ရဲ့ အခန်းထဲကို
ဝင်သွားလိုက်သည်။

" အော် သွေး...ကိုကြီးကို ဘာပြောစရာရှိလို့လဲ တစ်ခုခုစိတ်တိုင်းမကျလို့လား "

" သွေးလေ...အိမ်ရှေ့က စံပယ်ပန်းပင်တွေနေရာမှာ နှင်းဆီအနီလေးတွေ ပြောင်းပြီးစိုက်ချင်တယ် သွေးက နှင်းဆီပန်းလေးတွေကို မြင်ရင် စိတ်ချမ်းသာလို့ပါ အဲ့တာ ကိုကြီး ခွင့်ပြုပါမှာလား "

နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်(Completed)Opowieści tętniące życiem. Odkryj je teraz