အပိုင်း - ၁၂

1.1K 34 0
                                    

နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်. . .🌹
(BL Novella)

ခန့်ပိုင်သည် ရုတ်တရက်နိုးလာပါသည်။သူသည် မနေ့ညက အရက်သောက်တာလွန်သွားသည်။ထို့နောက် ဘာဆက်ဖြစ်သနည်း။သူသိပ်မမှတ်မိချင်တော့ပါ။‌သူအိပ်ယာကထကာဘေးပတ်လည်ကိုကြည့်လိုက်သည်။သူ့အခန်းမဟုတ်ပါ။သွေး၏ အခန်းထဲရောက်နေမှန်း သူသိလိုက်ပါသည်။ဒါဆိုရင် မနေ့ညက သူထင်နေတာဟာက အိပ်မက်ကမဟုတ်ဘူး တကယ်ဖြစ်နေတာပေါ့။ခန့်ပိုင်သည် သွေးကို အရမ်းစိတ်ပူသွားသည်။သူ့ကိုယ်တွင်လည်း
အင်ကျီများရှိမ‌နေပါ။‌ကုတင်ဘေးတွင် ပြန့်ကြဲနေပါသည်။ကုတင်အခင်းပေါ်တွင်လည်း သွေးစများက ပြန့်ကျဲနေလျက်ရှိ‌နေသည်။သူသွေးကို ဘာတွေလုပ်မိပါသနည်း။သွေးကရော အခုဘယ်မှာလဲ။သူ့ကိုကြောက်၍များ ထွက်ပြေးသွားပြီလား။
မနေ့ညက အမူးအရှိန်ကြောင့် ခန့်ပိုင်သည်
ခေါင်းလည်းမူးနေသေးသည်။သို့သော်
ထိုသို့နေ၍ မဖြစ်ပါပေ။သူ သွေးကို ရှာရအုံးမည်။သွေးကို သူ စိတ်ပူပါသည်။သူ့ရဲ့လုပ်ရပ်များကြောင့် သွေးကသူ့ကို မုန်းသွားမှာလည်း ခန့်ပိုင်ကြောက်‌နေမိပါသည်။

မနက်ခင်းရောက်တော့ ရွှေရည်သည်
ခန့်ပိုင်ရဲ့အခန်းကို ဝင်ကြည့်သည်။
ခန့်ပိုင်ရှိမနေပါ။မနေ့ညက အိမ်ပြန်မလာဘူးဟု သူမထင်လိုက်သည်။သူ့တိုက်ခန်းကိုသူ ပြန်အိပ်နေတာလည်း ဖြစ်ပါမည် ဟုသာ သူမတွေးထားလိုက်သည်။သူမ အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။ထိုအချိန်တွင် သွေး၏အခန်းထဲမှ ထွက်လာသော ခန့်ပိုင်ကို သူမ မထင်မှတ်ပဲတွေ့လိုက်ရသည်။ရွှေရည် အရမ်းဒေါသထွက်သွားသည်။ဒါဆို မနေ့ညက အောင်က သွေးရဲ့အခန်းထဲမှာ သွေးနဲ့အတူတူ အိပ်နေတာလား။ရွှေရည်သည် တွေးရင်းတွေးရင်းပိုမို ဒေါသထွက်လာသည်။သွေးသည် သူမ၏ ဘဝတွင် အရမ်းကိုအနှောက်အယှက်ပေးလွန်းပါသည်။ပထမက ဒယ်ဒီ၊အခုက ခန့်ပိုင်။သွေးသည် သူ့မစီမှ လုယူနေတာတွေ
များနေပြီ။"အောင်"ကိုတော့ သွေးနောက်ကို အပါမခံနိုင်တော့ပါ။သွေးဆိုသော
အကောင်သည် ဘာတွေများမက်မောစရာရှိနေပါသနည်း။ဒယ်ဒီနဲ့ခန့်ပိုင်ကရော ဘာလို့များ သူ့ကိုစွဲလမ်းနေကြရတာလဲ။‌‌သူမ
မ‌တွေးတက်တော့ပါ။

နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်(Completed)حيث تعيش القصص. اكتشف الآن