အပိုင်း - ၆ (U+Z)

740 41 0
                                    

နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်. . .🌹
(BL Novella)

ယင်းကိစ္စများ ဖြစ်ပျက်ပြီးနောက် သွေး
သည် ရွှေရည်တို့အဖွဲ့ကို လုံးဝမကျေနပ်နိုင်ပါ။သူတို့နဲ့ စာရင်းသွားရှင်းချင်သည်။သို့သော် မဖြစ်ပါ။ကျောင်းတွင်ရန်ဖြစ်ပါက သူ့ရဲ့စကောလားရှစ်ပါ ရုတ်သိမ်းခံရမည် ဆိုးသောကြောင့် သူစိတ်လျော့လိုက်ပါသည်။အလုပ်ပြုတ်သွားပေမယ့်အလုပ်အသစ်ရှာလို့ရအုံးမည် ဟု သူတွေးထားသောကြောင့်လည်း ဖြစ်ပါမည်။
ဒီရက်ပိုင်းထဲတွင်လည်း သွေး၏အမေသည်အရင်က နှလုံးရောဂါအခံကလည်း
တချက်တချက်ထဖောက်လာသဖြင့် အမေ့ကိုဆေးရုံ တင်ရန်အတွက် သူငွေလိုပါသည်။သူ အမေ့ကို ဆေးရုံတင်ချင်ပါသည်။သို့သော်လည်း သွေးထံတွင် စုထားသောပိုက်ဆံအနည်းငယ်သာရှိသဖြင့် သူအားငယ်မိပါသည်။အလုပ်အသစ်ကို အမြန်ရှာရပါမည်။သူသည် မြို့အနှံ့အလုပ်
လိုက်‌လျောက်ပါသည်။သူ မရပါ။ဒီဘက်ခေတ်ကြီးထဲတွင် ကျောင်းမပြီးလျင် ဘယ်သူမှအလုပ်မခန့်ချင်ကြပါ။အလုပ်ရှာရအလွန်ခက်ပါ၏။သွေး ဘဝသည် မျှော်လင့်ချက်မဲ့နေသည့် ဘဝမျိုးပင်။
အဆင်ပြေသည့် အချိန်လည်း သူ့ဟာလေးနှင့်သူ အဆင်ပြေနေသည်။အဆင်မပြေသည့် အချိန်တွင်လည်း ဒုက္ခများတစ်ပုံကြီးစုပြုံ၍ ရောက်လာကြသည်။ဒီလိုအချိန်မျိုးတွင် သွေးသည် သူ့ကို အားပေးမည့်သူတစ်ယောက်တော့ လိုချင်မိပါသည်။တခြားလူတစ်ယောက်စီတွင် သူ့၏ ဒုက္ခများကိုလည်း ရင်ဖွင့်ပြောပြချင်မိပါသည်။သို့သော် သူ့အနားတွင် တစ်စုံတစ်ယောက်မျှ မရှိပါ။သွေး၏ဘဝသည် အထီးကျန်စရာကောင်းလှသည်။
______________________________

ညနေခင်း ဂေဟာရောက်သည့် အချိန်တွင်
သွေးသည် ခန့်ပိုင်နှင့် ဆုံသည်။ခန့်ပိုင်သည်
သွေး ကိုကြည့်ရင်း တစ်ခုခုထူးဆန်းနေသည်ဟု ထင်မိပါသည်။ခါတိုင်းလိုမျိုး
သွေး၏ မျက်နှာသည် အလုပ်ကူရင်း
ပြုံးမနေပါ။မှုန်ကုတ်နေသည်။တစ်ခုခုစိတ်ညစ်စရာရှိမည် ဟုသူထင်ပါသည်။ထို့ကြောင့် သွေးကို မေးလိုက်သည်။

" ဒီနေ့ မင်း မျက်နှာလဲ မကောင်းဘူးနော်
ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး ခန့်ပိုင်ရယ်...ဒီလိုပါပဲ
တစ်ခါတစ်လေ စိတ်ညစ်စရာလေးကြုံရ
လို့ပါ " ဟု သွေးက ပြောလိုက်သည်။

နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်(Completed)Opowieści tętniące życiem. Odkryj je teraz