နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်. . .🌹
(BL Novella)ထိုမြင်ကွင်းကို သူမတွေ့ပြီး ထိုနေရာမှ
ချက်ချင်းပင် ပြေးထွက်ကာ သူမအခန်းထဲကိုပြေးဝင်သွားသည်။အခန်းထဲရောက်တော့ ကုတင်ပေါ်ကိုပစ်လျဲချလိုက်ပြီး အားရပါးရငိုချလိုက်မိသည်။သူမ အစဉ်လေးစားခဲ့ရသော ဖခင်သည် ဤလိုလူမျိုး
မဖြစ်နိုင်ပါ။သူမ မယုံနိုင်ဖြစ်နေသည်။
သူ့ဘဝတစ်လျောက်လုံး ဒယ်ဒီ့ကိုပဲ လေးစားအားကျ အတုယူခဲ့ရတာ။အခုတော့....အခုတော့....ဘာတွေလဲဟင်။သူမသည်မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ဆက်မတွေးကြည့်ဝံ့တော့ပါ။သူမ ဒယ်ဒီ့ကိုမုန်းသည်။ဒီလို အဖေမျိုးရှိရတာ ရှက်သည်။မတော်၍ သူငယ်ချင်းများသည် သူမ၏ ဖခင်အကြောင်း ကိုသိသွားရင်မည်သို့ဖြစ်မည်နည်း။သူမ အရှက်ကွဲရမည်။သူမကို ဝိုင်းပြောဆိုကြမည်၊စ
နောက်ကြမည်ကို သူမ တွေးကာကြောက်သည်။ဒယ်ဒီ့ကို သူမသည် မိန်းမများကိုပဲ စိတ်ဝင်စားသည်ဟု တစ်သက်လုံးသိခဲ့ပါသည်။ယခုလိုမျိုး ယောက်ျားလေးများနှင့်လည်း ဖြစ်ပျက်နေမှန်း သူမ မသိခဲ့ပါ။ဒယ်ဒီသည် ပရိလွန်းလှသည်။အခုတော့
ဖုံးကွယ်ထားတဲ့ ဒယ်ဒီရဲ့ လျှို့ဝှက်ချက်ကို
သူမသည် အမှတ်မထင်သိသွားခဲ့ပါသည်။" စိတ်ပျက်စရာကောင်းလိုက်တာ ဒယ်ဒီရယ် " ဟု ပါးစပ်မှတီးတိုးဆို၍သာ ဒယ်ဒီ့ကို နားကျည်းမိပါသည်။မိခင်သေပြီးတာမှ
မကြာသေး အခုလည်း ဒယ်ဒီ့ကြောင့် သူမ
စိတ်ဓာတ်များပြိုလဲရပြန်ပါသည်။သူမ တစ်ညလုံး အိပ်မပျော်နိုင်ပါ။ဒယ်ဒီ့အကြောင်း တွေးရင်းနှင့်ပင် မိုးလင်းသွားခဲ့ပါသည်။မနက်ရောက်တော့ သူငယ်ချင်းမများသည် သူတို့၏ အိမ်သို့ပြန်သွားကြသည်။ဒယ်ဒီကတော့ ထုံးစံအတိုင်းး
ထမင်းစားခန်းထဲက စားပွဲပေါ်တွင်ထိုင်ကာ
သူမကို ကော်ဖီသောက်ရင်းစောင့်နေသည်။ရွှေရည်သည် ထမင်းစားခန်းထဲသို့ ဝင်လာသည်။ရွှေရည်ကို မြင်တော့ ဦးနေရောင်က" သမီး ဒီနေ့အိပ်ယာထတာ
စောလှချီလား " သူမသည် ဒယ်ဒီ၏ အမေးကို ပြန်မဖြေပဲ မျက်တောင်မခက်ပဲ စိုက်ကြည့်နေသည်။" ဘာဖြစ်လို့လဲ သမီး၊
တစ်ခုခုဖြစ်လို့လား " ဦးနေရောင်သည် သူ့သမီး၏ အခြေအနေကို ချက်ခြင်းအကဲခက်မိသဖြင့် မေးလိုက်သည်။ရွှေရည်သည်
စကားပြောဖို့ပြင်လိုက်သည့် အချိန်တွင်
" မောင်နေရောင်ရေ...ကြီးမေ ဈေးသွားလိုက်အုံးမယ်နော် " ဟုကြီးမေသည် မီးဖိုအနောက်ထဲမှထွက်လာသဖြင့် ရွှေရည်သည် ပြောမည့်စကားကို ခနရပ်ထားလိုက်သည်။အိမ်ထဲကနေ ကြီးမေတစ်ယောက်
ထွက်သွားတော့မှ ရွှေရည်သည် သူ၏ဖခင်ကို ပြောင်တင်းတင်းပင် မနေ့ညက ကိစ္စကို
မေးချလိုက်သည်။ဦးနေရောင် မျက်နှာပျက်သွားသည်။ရွှေရည်၏ စကားများကြောင့် အံဩသွားတာလဲပါပါမည်။
အမှန်တိုင်းဆိုလျင် ရွှေရည်သည် ထိုကိစ္စကို ဖခင်နှင့်မပြောချင်ပါ။သို့ပေမယ့် သူမ
ဒယ်ဒီ့ကို မေးချင်သည်။ဒယ်ဒီရဲ့ ပါးစပ်က မဟုတ်ပါဘူး လို့ ငြင်းတာကို သူမကြားချင်သည်။သို့သော် အခြေအနေများသည်
သူမထင်ထားသည့်အတိုင်းဖြစ်မလာခဲ့ပါ။
VOCÊ ESTÁ LENDO
နှင်းဆီပန်းလေးဖြစ်ဖူးချင်သည်(Completed)
Contoကြမ်းတမ်းတဲ့လောကဓံနဲ့ဘဝအခက်အခဲတွေကြား ကြိုးစားရုန်းကန်နေရတဲ့ "သွေး" "သွေး" အားအမြဲနားလည် ကူညီပေးတတ်တဲ့ "အောင်ခန့်ပိုင်" ငယ်စဥ်ကတည်းက မိဘတွေကိုဆုံးရှုံးလိုက်ရတဲ့အောင်ခန့်ပိုင် အတွက် ဦးနေရောင် ( ရွှေရည် ၏ဖခင်) ဟာ ကျေးဇူးရှင်ဖြစ်လာခဲ့တယ်.......။ ကျေးဇ...