အခန်း(၁) - ချမ်းမြေ့နောင်ထွေး

672 18 0
                                    

ချမ်းမြေ့ ကိုမြင်ရင် အရင်ကအဲ့လောက်မပျော်ပေမယ့် အခုတော့ ဝေယံ တစ်ယောက် အပြုံးကြီးကြီး ပြုံးကာ အိမ်တံခါးဖွင့်ပေးလိုက်သည်။

'' ချမ်းမြေ့ မင်းလာတာနဲ့ အတော်ပဲ၊ ငါ နာရေးသတင်းသွားမေးမလို့ဟာ ပစ္စည်းတွေနေရာချနေတာ မပြီးနိုင်သေးလို့''

'' ခင်ဗျားအကြောင်းသိသားပဲ လိုမှ တ တာနော် ''

'' မင်းကလည်းကွာ ။ငါမင်း စားချင်တာ ချက်ကျွေးပါ့မယ် ''

ဝေယံ ချမ်းမြေ့လက်ထဲက အထုပ်တွေယူသိမ်းထားပေးရင်း ပြန်ပြောလိုက်လေသည်။

'' ဒါနဲ့ နာရေးအိမ်က ဘယ်မှာလဲ ''

'' ရှေ့ကအိမ်လေ ငါတို့ ကားဝင်လာတုန်းက ဆိုင်းဘုတ်ဘာညာ သိမ်းခါစပဲရှိသေးတာ သွားသွား အိမ်အသစ် ပြောင်းလာတာမို့ သတင်းမေးနောက်ကျသွားတာလည်း ပြောခဲ့ ''

'' သိပါတယ် ခင်ဗျား ရဲ့ ! ခင်ဗျား လူတွေနဲ့ မိတ်ဆက်ရမှာ ကြောက်လို့ ကိုယ်စား လာမိတ်ဆက် တာ လို့လည်း ပြောခဲ့မယ် ''

'' အင်းပါ ပြောချင်သလိုသာ ပြောခဲ့ သွားသွား ''

ဝေယံ မီးဖိုခန်းထဲဝင်ပြီး အအေးဖျော်နေတုန်းမှာပင် ချမ်းမြေ့ပြန်ရောက်လာသည်။

''မြန်လိုက်တာ ''

'' အင်း နာရေးကပြီးသွားပြီ အခုကအလှူလုပ်ရုံပဲ။အဲ့အိမ်မှာ လူလည်းနေမှာ မဟုတ်ဘူး ရောင်းထုတ်တော့မှာတဲ့ ''

'' အော် ''

'' မိန်းမက ဖောက်ပြန်လို့ စိတ်ထိခိုက်ရာကနေ ဆုံးသွားတာတဲ့လေ ''

'' အဲ့လောက် အချိန်ခဏလေးမှာ တောင် ဒီသတင်းကို မင်းက သိလာသေးတာလား ''

'' ခင်ဗျားကလေ လူပျိုကြီး ဖြစ်တာလည်း မပြောနဲ့ အတင်းစကားတွေက ဒီလိုနေရာမှာ အထွက်ဆုံးပဲ နောက်ခဏလောက်နေရင် အဲ့လူရဲ့ အချစ်ဉီးဘာညာတောင် သိရလောက်တယ် ''

'' ဟုတ်ပါပြီ ထားတော့ အအေးသောက် ''

ချမ်းမြေ့က ဝေယံ့လက်ထဲမှ အအေးခွက်ကို လှမ်းယူကာ

'' ဒါနဲ့ ခင်ဗျား ကျနော့်ကို အဖြေဘယ်တော့ပေးမှာလဲ ''

အဆက်အစပ်မရှိမေးလိုက်ရင်း အအေးကို တစ်ကျိုက်တည်း မော့ချလိုက်၏။

အိမ်အသစ်Nơi câu chuyện tồn tại. Hãy khám phá bây giờ