အခန်း(၄) - ‌ဆုမြတ်ကျော်

231 15 0
                                    


သဝန်တိုသည့် အမှုကိစ္စ ကျွန်တော့်ဆီမှာရှိလာလိမ့်မည်ဟု ဘယ်တုန်းကမျှ မထင်ခဲ့။

အခုတော့ အူနုကျွဲခတ် ဆိုသည့်စကားပုံကို လက်တွေ့ခံစား နေရပြီဖြစ်၏။

" တကယ်တော့ အချစ် ကို မယုံမှာစိုးလို့သာ မိတ်ဆက်ပေးရတာ ၊ ကိုယ် ဘာမှ အမှားမလုပ်ထားဘူး.. "

" စေ့စပ်ထားတဲ့ ကိစ္စ မင်းငါ့ကို မပြောခဲ့ဘူးလေ ၊ ဆုမြတ်ကျော် နဲ့ သူငယ်ချင်းတွေလို့ပဲ ပြောထားပြီးတော့ "

" စေ့စပ်တာ မဟုတ်ဘူးဆိုမှပဲ.. ဒီအတိုင်း မိဘတွေက ကျွန်တော်တို့က ရွယ်တူမို့လို့ နောက်ရုံပဲ...ပြီးတော့ အချစ်ကို ပြောပြီးသားလေ သူက ယောကျာ်းတွေမကြိုက်ပါဘူး ဆိုနေမှ "

" အဲ့ဒါက သူ့ကိစ္စလေ မင်းထုတ်ပြောရမယ့် ကိစ္စမဟုတ်ဘူး ပြီးတော့.. လူကြီးတွေက နောက်ပြောင်ပြီးပြောတာ ဖြစ်နိုင်ပါ့မလား "

" မသိဘူး.. ကိုယ်က အချစ်ကိုပဲ ယူမှာ‌ မေမေကလည်း အချစ် လက်ခံရင် ကြိုက်တာလုပ်လို့ ပြောပြီးသား "

ထိုအချက်က စိတ်‌အေး သွားဖို့ လုံလောက်ပေမယ့် ချမ်းမြေ့ ဆိုသည့် သတ္တဝါလေးက ဘယ်သူမြင်မြင် မြည်းကြည့်ချင်စရာကောင်းသည့် သတ္တဝါလေး။

အရပ်သိပ်မရှည်ပေမယ့် ကိုယ်ဟန် မတ်မတ်ကလေးနဲ့ အရိုးအဆစ်ဖွဲ့စည်းပုံကအစ ပြေပြစ်နေပြီး မျက်လုံးဝိုင်းတွေမရှိတာတောင် သူ့မျက်လုံးလေးတွေက အတော်ပင် ဆွဲဆောင်မှု ရှိလှ၏။

နှုတ်ခမ်းပါးတွေကရော ထို့သို့ပင်။ မထူးခြားသော်ငြား ပြုံးလိုက်လျှင် အချိုးညီညီ လှုပ်ရှားသွားပြီး ပြန်ပိတ်ကျသွားသည်အထိ အသေးစိတ် လိုက်ကြည့်ရအောင် ကြည့်ကောင်းလွန်းပြန်သည်။

အိုကြီးအိုမ တစ်ယောက်က ဒီသတ္တဝါလေးကို ရင်ခွင်ထဲထည့်ထားပြီး‌တဲ့နောက် ဘယ်လိုများ ခြေဆန့်အိပ်နိုင်ပါတော့မလဲ။

" မမသိင်္ဂီသာ မပြောရင် ငါ ဆုမြတ်ကျော် နဲ့ မင်းအကြောင်း မသိဘဲ နေရဦးမှာ အဲ့ အချက်ကြီးကို မကြိုက်တာ  "

" ကိုယ် ငိုလိုက်ရမလား ? အော် ငိုမှာနော်! "

" ဟ.. ချမ်းမြေ့ မငိုနဲ့လေ.. လူတွေဝိုင်းကြည့်လာရင် ဘယ်လိုလုပ်မလဲ?  "

" ကိုယ့်ကို ကြောက်တယ် မလား ?  "

" မင့်ကြီးဒေါ်ကြီးကို ကြောက်ရမှာလား ရှက်လို့ကွ.. "

" မကြောက်ဘူးပေါ့? ဖက်နမ်းပစ်လိုက်ရမလား "

" နားအုံနားရင်းစုံနေအောင် ကျင်းတာရော မြင်ဖူးလား ? "

" အချစ်က ရိုက်ရက်ရင် ကိုယ်ကခံရမှာပေါ့.."

" ငါ.."

ရယ်ချင်တာကို ထိန်းလိုက်ပေမယ့် မ‌အောင့်နိုင်ဘဲ ရယ်မိသွားသည်။

" မင်း..ငါ့အိမ်မလာနဲ့.. ဆယ်ရက်"

အိမ်မလာနဲ့ ဆိုသည့် စကားရဲ့ အဓိပ္ပါယ်ကို နှစ်ကိုယ်ကြား သိပြီးသားမို့ ချမ်းမြေ့ မျက်နှာ ချက်ချင်းပင် မှုန်ကုန်သွားတော့သည်။

" အာ..အချစ် အဲ့လိုမလုပ်နဲ့လေ.. ဆယ်ရက်ကြီးက .. "

" ဆယ့်ငါးရက် တိုးလိုက်ရမလား?  "

မျက်နှာချင်းဆိုင် ခုံကနေ စားပွဲပေါ် ကုန်းတက်လာတော့မတတ် အနားကပ်လာပြီး လက်ကိုအတင်းဆုပ်ကိုင်ထားရင်း

" ဟင့်အင်း ဆယ်ရက်ပဲ ဆယ်ရက်.. ဒါဆို ကိုယ့်အပြစ် ကြေပြီမလား?  "

သနားစဖွယ် ငေးကြည့်ကာ မေး‌လာတာမို့ ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

" ဒါနဲ့ မင်းကောင်မလေးက ကြာလိုက်တာ.. "

" ကိုယ့် ကောင်မလေး မဟုတ်ပါဘူး... ဖုန်းဆက်ကြည့်လိုက်ဦးမယ်.. "

" မဆက်နေနဲ့.. အရေးကြီးတယ် ထင်သွားလိမ့်မယ်.. ထားလိုက် တစ်နာရီ ထပ်စောင့်ပြီး မလာရင် ပြန်ကြမယ်  "

" အမိန့်တော်အတိုင်းပါ"

ထိုနေ့က တစ်နာရီခွဲနီးပါး စောင့်ခဲ့ပေမယ့်  ဆုမြတ်ကျော် ဆိုသည့် ကလေးမလေးက လူကိုယ်တိုင်လည်း ရောက်မလာသလို  အကြောင်းပြချက် စာတို လေးတစ်ကြောင်းတောင် ရောက်မလာခဲ့။

~ဆက်ရန်

အိမ်အသစ်حيث تعيش القصص. اكتشف الآن