အခန်း(၅) - မေမြတ်ကျော်

209 15 0
                                    


ချယ်ရီရောင် ဂါဝန်လှလှလေးနဲ့မှ မလိုက်။ ထိုကလေးမလေး ရယ်လိုက်လျှင် ကျွန်တော့်အိပ်ခန်းနားကတောင် ကြားရသည်။

ဧည့်ခန်းဆိုဖာမှာ သက်တောင့်သက်သာ ထိုင်နေတာလေးကတောင် နုပျိုမှုကြောင့် effect သုံးထားသည့် ဓါတ်ပုံလေးထဲကလိုပင် လန်းဆန်းတက်ကြွနေပြန်သည်။

" အစ်ကိုရယ် အားနာစရာကြီး မုန့်တွေ မယူလာပါနဲ့တော့ မြတ် က ထမင်းစားပြီးမှ ပြန်မှာ  "

" ရပါတယ် ထမင်းလည်း အဝစား မုန့်လည်း စား.. ဟင်းကျက်ဖို့က နည်းနည်းလိုသေးတယ်.. ကြိုသိရင် ကိုယ် စောစောထပြီး ချက်ထားဖြစ်မှာ..."

မုန့်တွေ ‌ချပေးပြီးသည်နှင့် ချမ်းမြေ့က ခါးကနေ လှမ်းဆွဲကာ သူ့ဘေးနား ဝင်ထိုင်ခိုင်းသည်။

"ရတယ် အစ်ကို..၊ ဟိုတစ်ခါ မလာဖြစ်တာကို အားနာလို့ မြတ် တမင်တကာ လက်ဆောင်တွေလာပို့တာ.. အဲ့နေ့က အိမ်မှာ အစ်မပြန်ရောက်လာပြီး တစ်အိမ်လုံး စိတ်နဲ့ လူနဲ့ မကပ်ကြလို့..  ..  "

" ရပါတယ်.. ချမ်းမြေ့ ပြောပါတယ်.. မိသားစု ကိစ္စလေး ပေါ်လာလို့ ဆိုပြီး.."

" ဟုတ်တယ်.. အစ်မ အကြီးဆုံးလေ.. သိပြီးသားမလား? ချမ်းမြေ့ ပြောပြဖူးတယ်မလား? "

" ဟ ငါက နင့်အစ်မအကြောင်း ဘာလို့ ပြောနေရမှာလဲ? "

" မသိဘူးလေ ငါမလာဖြစ်တော့ နင်က ကူရှင်းပြပေးထားမယ် ထင်လို့လေ.."

" ရပါတယ်  ညီမရယ်.. အိမ်ကိစ္စဆိုတာ နားလည်ပါတယ် အစ်ကိုတို့ လည်း တကူးတက စောင့်တာမှ မဟုတ်တာ"

" မြတ်တို့ အိမ်မှာ ပြသနာအိုး သုံးအိုး ရှိတယ် ။အစ်ကိုကြီး ရယ် မမကြီး ရယ် မမငယ်ရယ် ။ အစ်ကိုကြီးက ယောကျာ်းယူပြီး ယောကျာ်း နဲ့ ရန်ဖြစ်တိုင်း အိမ်မှာ ပြသနာရှာတယ် နောက်

တစ်အိုးက မမကြီး သူက အဆိုးဆုံး ။ မမကြီး က TomBoyလေ  ။ မြတ်တို့ က မောင်နှမလေးယောက်ရှိတာ သူက ဒုတိယကလေး ပေမယ့် အကြီးဆုံး မိန်းကလေး။ အဲ့ဒါကို

သူက အမကြီး အမိမရာ ဘူး မြတ်တို့က ပဲ တစ်ချိန်လုံး သူ့ကိစ္စ လိုက်လုပ်ပေးနေရတာ.. သူသောင်းကျန်းလွန်းလို့ အဖေက မြို့ပါ ပြောင်းလာခဲ့ရော.. "

အိမ်အသစ်Tempat cerita menjadi hidup. Temukan sekarang