လဆန်းရက်ဖြစ်တာမို့ ဈေးဝယ်စင်တာ က ခါတိုင်းထက် ပိုပြီး လူတန်းစီနေရသည်။
ကျွန်တော်တို့အလှည့်ရောက်ဖို့ဆို အနည်းဆုံး ဆယ့်ငါးမိနစ်လောက် ကြာလိမ့်ဦးမည်။
" အချစ် သွားထိုင်စောင့်မလား ကိုယ်ရှင်းလာခဲ့မယ် "
ကျွန်တော့် ထက် ခြောက်နှစ်ငယ်ပေမယ့် လူကြီးသိပ်ဖြစ်ချင်တဲ့ ချမ်းမြေ့က လူကြီးသူမ များရှေ့ကလွဲရင် အချစ် ဟု ခေါ်လေ့ရှိ၏။
" မစောင့်ပါဘူး... ပြီးမှပဲ ကော်ဖီဆိုင်တူတူ ဝင်ကြမယ်"
" ဟင့်အင်း ကိုယ်က အိမ်ပြန်ပြီး အိပ်ချင်ပြီ "
ချမ်းမြေ့ ရဲ့ပြီတီတီ မျက်နှာပေးကြောင့် အနားတိုးကပ်သွားရင်း
" နားရင်းအုပ် မခံချင်ရင်ပေါက်ကရ စကားတွေ မပြောနဲ့ "
" အချစ် ရိုက်မယ်ဆိုလည်း ကိုယ်က ကြည်ဖြူပါတယ် "
" ပြောလေ ကဲလေ.. "
ချမ်းမြေ့ တစ်ခုခု ပြောဖို့ ပြင်နေတုန်းမှာပင် ဘေးနားကို အမျိုးသမီး တစ်ယောက်ရောက်လာသည်။
" နီလာ.. "
နီလာကို က သူ့အစ်မတွေလိုပင် ယောကျာ်းလေးကျောင်းမှာ နာမည်ကြီးသည့် အလှပဂေးတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်ထိ လှနေဆဲ။
ကျွန်တော် မပွင့်မလင်း ခေါ်လိုက်မိတော့ နီလာ က ပိုပြီး ပြုံးပြလာသည်။
" ဟုတ်တယ်လေ... နီလာ ပေါ့ မှတ်တောင် မမှတ် မိတော့ ဘူးလား? "
" မှတ် မှတ်မိပါတယ်.. ရုတ်တရက်ဆိုတော့"
အလွန်တရာ သဝန်တိုတတ်သည့် ရည်းစားပူပူနွေးနွေး ရှေ့မှာမှ ကျောင်းတုန်းက တွဲခဲ့ဖူးသည့် ငယ်ရည်းစား နဲ့ ပြန်ဆုံနေရ၏။
" ဒါလေးက ဘယ်သူတုန်း တပည့်လေးလား? ဒါနဲ့ နင် ဘာလို့ ဆရာကန်တော့ပွဲလေးတောင် တစ်ခါမှ မလာတာလဲ ? ငါ့ယောကျာ်းက နင်တို့ အုပ်စု ကို တွေ့ပေမယ့် နင် မပါတော့ ငါ့ကို များ စိတ်မရှင်းသေးလို့လား ဆိုပြီး ခဏခဏ စ နေတာ... "
ကိုယ်ကျိုးနည်းပြီထင်ရဲ့။
"အဟမ်း.. "
ချမ်းမြေ့ က မသိမသာချောင်းဟန့်ရင်း ကျွန်တော့်ဘက်ကို ပိုပြီး တိုးကပ်လာသည်။
![](https://img.wattpad.com/cover/297536449-288-k956814.jpg)
ESTÁS LEYENDO
အိမ်အသစ်
Romanceလူတစ်ယောက်က ဘယ်နှနှစ်လောက် တစ်ဖက်သတ်ချစ်နိုင်သလဲ။ (၁)နှစ်လား (၁၀)နှစ်လား။ ကျွန်တော့် Crush က သူ့ အချစ်ဦးကို နှစ် (၂၀) ကျော်အောင် ချစ်ခဲ့တာ..။ ကျွန်တော် နောက်ဆုတ်လိုက်တာ အကောင်းဆုံး မဟုတ်လား။ ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်နေပြီ ထင်တယ်။