ငါကကြောင်တစ်ကောင်ဖြစ်တယ်တဲ့ အဲ့ဒီြဖစ်ရပ်ကိုလက်ခံနိုင်ဖို့ငါအချိန်နည်းနည်းယူလိုက်ရတယ်..ဘာလို့လဲဆိုတော့ငါကလူအဖြစ်နဲ့ပဲနေလာခဲ့တာမို့လို့...
ဒါပေမဲ့ကြောင်တစ်ကောင်အနေနဲ့ငါငါ့ရဲ့သခင်ကိုတိတ်တခိုးသဘောကျနေမိတယ်။
ငါသိတယ်ဒါကပျင်းစရာကောင်းတဲ့အကြောင်းဖြစ်တယ်ဆိုတာ..ဝတ္ထုတွေထဲကအတိုင်းဆိုရင်ငါတိတ်တခိုးသဘောကျနေတဲ့သူကလည်းငါ့ကိုတိတ်တခိုးကြိုက်နေမယ်နောက်ဆုံးမှာငါကလည်းလူအဖြစ်ပြန်ပြောင်းသွားမယ်ချစ်စရာကောင်းတဲ့ကြောင်နားရွက်တွေအမြှီးတွေနဲ့ပေါ့..ပြီးတော့ချစ်ရတဲ့သူနဲ့နှစ်ယောက်အတူနေထိုင်သွားကြသည်ပေါ့..
..
ဒါပေမဲ့ငါ့ဆီမှာေတာ့ဒီလိုမျိုးတွေဖြစ်လာလိမ့်မယ်လို့မထင်ဘူး..ငါ့ကံတရားကလည်းဝတ္ထုတွေထဲကလိုမကောင်းနေဘူး..
သာမာန်ကြောင်တစ်ကောင်ရဲ့ခေါင်းကလည်းတက်ကြွတဲ့လူ့ဦးနှောက်နဲ့မကိုက်ညီဘူးထင်တယ်..
ငါပိုပိုပြီးကြောင်နဲ့တူလာသလိုပဲပြီးတော့ငါ့မှတ်ဉာဏ်ကအရမ်းမကောင်းလာတော့ဘူး..ငါစုန့်ချီကိုကြိုက်တယ်ဆိုတာမမေ့သွားခင်အထိမရှည်ကြာလောက်ဘူးထင်တယ်..
စုန့်ချီ..ငါ့ရဲ့သခင်..
ငါသဘောကျရတဲ့လူ...ဟိုမှာငါ့ကိုငါးခြောက်ကျွေးဖို့လာနေပြီ..
"ကူးကူး ဒီမှာငါးခြောက်နည်းနည်းလာစား"
စုန့်ချီကလက်လှမ်းပြီးငါ့ရဲ့ကြောင်ခေါင်းလေးကိုထိပေးနေတယ်..သူ့ရဲ့လက်တွေကအရမ်းလှတယ်...
ဘယ်လောက်လှလဲဟုတ်လား?ငါဖွဲ့နွဲ့ပြောဖို့စကားလုံးလှလှလေးတကယ်ကိုမစဥ်းစားတတ်ဘူး..တွေ့လားကြောင်တွေရဲ့IQကအဲ့လောက်မကောင်းဘူးလို့..
ငါစုန့်ချီရဲ့လက်ကိုငါ့ခေါင်းလေးနဲ့ပြန်ပွတ်သပ်လိုက်တယ်..မြောင်~
ဒါကမဆိုးလှပါဘူး..ငါ့မှာကြောင်ဗီဇပဲကျန်ခဲ့ပြီးစုန့်ချီကိုကြိုက်နေတယ်ဆိုတာမေ့သွားခဲ့ရင်တောင်ငါကသူနဲ့နီးနီးကပ်ကပ်ရှိနေအုံးမှာပဲ.."ကူးကူး မင်းငါ့ပိုအရမ်းအခုတလောပိုပြီးကပ်လာသလိုပဲ" လို့စုန့်ချီပြောတာကိုငါကြားလိုက်တယ်..
ငါကြောင်စဖြစ်လာတဲ့နေ့တုန်းကငါအရမ်းကြီးကိုစိတ်
ရှုပ်သွားခဲ့တယ်..အဲ့တုန်းကငါဖြစ်ချင်ခဲ့တာတစ်ခုပဲရှိတယ်လူအဖြစ်ပြန်ပြောင်းပြီးမိဘအိမ်ပြန်သွားခဲ့ချင်တာပဲ..ဒါပေမဲ့စုန့်ချီကငါ့ကိုလှောင်အိမ်ထဲမှာပိတ်ထားခဲ့တယ်..အခုချိန်မှာတော့ငါအိမ်မပြန်ချင်တော့ဘူး..ငါ့ပါးနဲ့မားအတွက်နည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်ဆိုပေမဲ့ပေါ့..ဒါပေမဲ့ငါရဲ့ဒီကြောင်ဉီးနှောက်ကငါ့မိဘတွေကိုကောင်းကောင်းမမှတ်မိတော့ဘူး..
...
နောက်ထပ်ရက်နည်းနည်းကြာသွားပြီထင်တယ်..
အခုတလောငါပိုပိုပြီးစိတ်ရှုပ်လာပြီးဘာမှ စဉ်းစားစရာမရှိတော့ဘူးလို့ ခံစားရတယ်.."ကူးကူး ကအရမ်းလိမ္မာတာပဲ" စုန့်ချီကငါ့ရဲ့ခေါင်းကိုပွတ်သပ်ပေးနေတယ်..
"မြောင် မြောင်~"
"ကူးကူး မင်းအခုကြောင်လေးနဲ့ပိုတူလာတယ်"
"မြောင်~"
ငါကအမြဲတမ်းကြောင်တစ်ကောင်ဖြစ်နေခဲ့တာလေ..
The End~😺
ŞİMDİ OKUDUĞUN
I Am a Cat(Myanmar Translation)
Kısa Hikaye我是一只猫 by 花姨 Genre - Drama, Psychological, Shounen Ai Tags - Abusive Characters, Amnesia(အတိတ်မေ့မှတ်ဥာဏ်ပေျာက်ခြင်း), Black Belly( someone is secretly quite evil/sly/manipulative),Brainwashing,confinement(အကျဥ်းချချုပ်လေှာင်ခြင်း ),Delusion(ထင်ယေ...