👑စေတန်နတ်ဆိုး၏။ကြင်ယာတော်ဖြစ်လာခြင်း👑

902 15 0
                                    

Unicode

Part-8

🌹စေတန်နတ်ဆိုး၏။
ကြင်ယာတော်ဖြစ်လာခြင်း🌹

"မင်းဒီလိုနှစ်လွယ်ဖွယ်အပြုံးမပြုံးခဲ့တာ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲ
ငါ့ရဲ့ဘေးနားမှာ မင်းကိုထားပြီး
သက်သက်မဲ့ ဒုက္ခပေးမိသလိုများဖြစ်နေပြီလား"

💎💎💎

လွန်းစေတန်အခန်းထဲတွင်ရှိနေစဉ်အတွင်း
Demoလည်း
ထိုအခန်းထဲသို့ဝင်လာနေပြီးနောက်,

"ခုနက ငါမြင်လိုက်ရတဲ့အရာတွေက
ဘာတွေလဲ?"

" အစအဆုံးမြင်လိုက်ရဲ့သားနဲ့
ဘာလို့ငါ့ကိုထပ်မေးနေတာလဲ?
အာ...တစ်ခုတော့ငါပြောထားမယ်
မင်းသူ့ကို လက်ဖျားနဲ့တစ်ချက်တောင်
ထိလိုက်ဖို့မစဥ်းစားနဲ့ သူက ငါ့အပိုင်
ဖြစ်နေလို့ဘဲ မဟုတ်လို့ကတော့...""

ချက်ချင်းဆိုသလို လေပြင်းများမှာလည်း
Demoနှင့်လွန်းစေတန်ကြား
တိုက်ခတ်သွားသယောင်

ထိုအချိန်မှာဘဲ လွန်း၏။ဓားကား
လွန်းစေတန်၏။လက်ထဲသို့
ရောက်ရှိလာသည်နှင့် တစ်ပြိုက်နက်

' အကယ်၍
မင်း သူ့ကို လက်ဖျားနဲ့ထိခဲ့မယ်ဆိုရင်
အဲ့ဒီနေ့က မင်းသေမဲ့နေ့ဘဲ
ဆိုတာကိုမင်းဘယ်တော့မှ မမေ့လိုက်နဲ့ '

ဟု၍ပြောလည်းပြော
Demo၏။လည်ပင်းအားဓားဖြင့်
ချိန်ထားနေပေ၏။

Demoလည်း လွန်း၏။မျက်ဝန်းများအား
ကြည့်လိုက်ရင်း

" မျက်လုံးတွေကဘယ်တော့မှ
မလိမ်ဘူး အခုဘဲ ကြည့်လေ
မင်းသူ့ကိုကာကွယ်ပေးချင်နေတာက
သခင်တစ်ယောက်ဆိုတာထက်
ချစ်သူတစ်ယောက်လိုကာကွယ်ပေး
ချင်နေတယ်ဆိုတာ
အခုမင်းရဲ့မျက်လုံးတွေက တစ်ဆင့်
ငါ့ကိုအခုလို ပြောပြနေတယ်"

ဟု Demoလည်းတွေးလိုက်ရင်း

"ဟ ... မင်းကလဲ ဘာဖြစ်နေတာလဲ
ဒါလေးမေးလိုက်တာနဲ့
ဒီလောက်တောင်ဖြစ်သွားစရာ
လိုနေလို့လား?"

ဟု Demoလည်း လွန်း၏။ဓားအား
ဖယ်ချလိုက်ရင်း ငခူ အပြုံး ပြုံးလိုက်ခါ

" မဟုတ်မှ လွန်း မင်း
သူ့အပေါ်ခံစားချက်ရှိနေတာတော့
မဟုတ်လောက်ပါဘူးနော် "

🌹 စေတန်နတ်ဆိုး၏။ ကြင်ယာတော်ဖြစ်လာခြင်း 🌹(completed)Where stories live. Discover now