👑11👑Uni

528 17 0
                                    

Part-11

👑စေတန်နတ်ဆိုး၏။ကြင်ယာတော်ဖြစ်လာခြင်း👑

⏳Demoniac⌛[Bad blood]

မိုးများ သည်းထန်စွာ ရွာသွန်းနေသော
ညတစ်ညပင်ဖြစ်သည်။

"အူ...ဝဲ ... အူ....ဝဲ"

မိခင်ဝမ်းထဲမှ ဖွားမြင်လာသော
ကလေး၏။ ငိုသံမှာလည်း ကောင်ကင်ယံတွင်
ပဲ့တင်သံများ ထပ်ကာ ထပ်ကာနေတော့သည်။

"ဝမ်းသာပါတယ် သခင်မ...
သားဦးလေးဖွားမြင်ပါတယ်
ဒါပေမဲ့ ..."
"ကလေးမှာ ဘာပြသာနာရှိလို့လဲ?"
"ကလေးရဲ့ မျက်လုံးကထူးခြားနေတယ် သခင်မ"

ထိုအချိန်တွင် ကောင်းကင်တွင် ကျီးကန်းများလည်းဝဲကာ နေတော့သည်။

"ဘာဖြစ်တာပါလိမ့်?"

အပေါက်ဝမှာ စောင့်နေသော လူတစ်ဦးလည်း
မီးဖွားခန်းထဲသို့ဝင်လာ၍
ကလေးအားကြည့်လိုက်လေသည်။

"ဟာ...one eye ပါလား ဒီမျက်လုံးက...."

ထိုသူ အရင်အချိန်ကိုပြန်စဉ်းစားမိသည်။

"ငါ မင်းကိုပြောနေတယ်မလား လူသားနဲ့နတ်ဆိုးနဲ့က ဘယ်လိုမှပေါင်းစပ်လို့မရဘူးလို့"

"သူ့မှာ ကျွန်တော်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ
ဘယ်လိုမှတစ်ယောက်တည်းမထားရက်နိုင်ဘူး"

"မင်း တော်တော် ခေါင်းမာတာဘဲ
မင်းရာဇာ"

"ကျွန်တော် ဒီ ရာထူးတွေ ဂုဏ်တွေ အကုန်စွန့်လွှန့်တယ် ဒီလိုမွန်းကြပ်စရာကောင်းတဲ့
ကမ္ဘာကြီးမှာမနေနိုင်တော့ဘူး အေးချမ်းတဲ့
မိသားစုဘဲ ထူတောင်ချင်တော့တယ်"

"အေး မင်းသဘောဘဲ လုပ်ချင်တာလုပ်"

မင်းရာဇာလည်း သူ၏။ ဖခင် နှင့် အတိုက်အခံ
လုပ်ကာ ထွက်သွားလေသည်။

"ဘယ်လိုပြောလိုက်တာလဲ ယောက်ကျားရယ်
အခက်တွေ တော့ တွေ့ပါပြီ အီးဟီးဟီးဟီး"
"လာ ငိုမနေနဲ့ သူထိုက်နဲ့သူ့ကံဘဲ
အလကားကောင်"

"ရှင် သိပါတယ် နတ်ဆိုးတွေက လူသားနဲ့
ပေါင်းဖက်ရင် ကံကြမ္မာဆိုးတစ်ခုနဲ့တွေ့ရမယ်ဆိုတာဘယ်တော့မှအဆုံးသတ်မလှဘူးဆိုတာ
အခုတော့ ကျွန်မတို့သားကို ဘယ်လိုလုပ်မလဲတော်"

🌹 စေတန်နတ်ဆိုး၏။ ကြင်ယာတော်ဖြစ်လာခြင်း 🌹(completed)Where stories live. Discover now