Unicode
Part-9
👑 စေတန်နတ်ဆိုး၏။
ကြင်ယာတော်ဖြစ်လာခြင်း 👑ကောင်းကင်ပေါ်တွင်
တိမ်မဲများဖုံးလွှမ်းနေပြီး
လမင်းရဲ့ အလှတရားပင်
မပေါ်လွင်နိုင်သော ညပင်ဖြစ်ပေ၏။လူငယ်တစ်ဦးမှာ ဝရံတာရှေ့တွင်
အိပ်စက်ခါနေသောအချိန်
သူ၏၊ ဘေးနားတွင် ထားထားသော
လှပသော သလင်းကျောက်နက်မှာလည်း
တစ်ဖြေးဖြေးဖြင့် အမဲရောင်အခိုးငွေ့များ
ထွက်ပေါ်လာကာ မကောင်းဆိုးဝါး ဝိညာဉ်ပုံစံ
အသွင်သို့ပြောင်းလဲသွားနေပြီး
အိပ်နေသော
ထိုလူငယ်လေး၏။
ဘေးနားတွင် ကြည့်ကာနေ၏။"သနားစရာ လူငယ်လေးပါလား...
မင်းဘဝကတော်တော်ခက်ခဲနေမှာဘဲ ကျွတ်..ကျွတ်"အိပ်စက်နေသော ကောင်လေး၏။
ကုတင်ဘေးတွင်ထိုင်ကာ ပါးတစ်ဖက်ကို
သူ၏။ လက်နှင့် အသာအယာပွတ်သပ်ရင်း
ထိုမကောင်းဆိုးဝါးမလည်းပြောလိုက်လေသည်။"ဒါပေမဲ့ စိတ်မပူပါနဲ့
မင်းလည်းသိပ်မကြာခင်
ရှေ့ကလူတွေလိုသေရတော့မှာပါ"အန္တရယ်ကို
မသိရှာသော ထိုလူငယ်လေးကို
ကြည့်ကာ ဆက်၍ ပြောလိုက်လေ၏။"မင်းဆီမှာ အမှောင်ရိပ်ကြီးတစ်ဖြေးဖြေးစိုးမိုးနေပြီမင်းအတွက်တော့ ငါစိတ်မကောင်းပါဘူး တိမ်စိုင် ဟား....ဟား...."
ထို မကောင်းဆိုးဝါးမလည်း ပြောလည်းပြော
အားရပါးရရီကာ ပျောက်သွားလေပြီး
မကြာမှီ နေရဲ့ အလင်းရောင်မှာလည်း
ထွက်လာနေပြီ ...။နေရဲ့အလင်းရောင်မှာလည်း
လွန်း၏။ မျက်နှာပေါ်သို့ ရောက်လာ
သော်ငြားလည်း
ဤသည်ကိုတောင် သတိမထားမမူဘဲ
သာယာလှပသော
သံစဉ် တီးလုံးအတိုင်း စီးကာမြောခါနေသည်။💎💎💎
မိုးများသည်းထန်စွာရွာသွန်းနေပြီး
ပတ်ဝန်းကျင်တစ်ခုလုံးလည်း
မှောင်မဲနေသောညတစ်ညပင်ဖြစ်ပါ၏။⚡"ချုံး ချုံး ချုံး ဂျိမ်း"⚡
လျှပ်စီးများမှာလည်း ကောင်းကင်ယံတွေ
တစ်ဖျက်ဖျက်ဝင်းလက်နေသောအချိန်တွင်
တောထဲသို့ လူတစ်စုဖြတ်ပြန်ကြပေ၏။
YOU ARE READING
🌹 စေတန်နတ်ဆိုး၏။ ကြင်ယာတော်ဖြစ်လာခြင်း 🌹(completed)
Random(completed) Unicode "" ထူးခြားသောမျက်လုံးပုံစံဖြင့် မွေးဖွားလာတာကြောင့် နတ်ဆိုးတိုင်းက သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတစ်ဖက်ကို လိုချင်ကြတယ် ဒီလိုနဲ့ထိုနတ်ဆိုးတွေကြားထဲမှာမှနတ်ဆိုးတစ်ယောက်နဲ့ အပေးအယူစာချုပ်တစ်ခုလုပ်လိုက်တဲ့အခါမှာတော့ " Zawgyi "" ထူးျခားေ...