👑10👑Unicode👑

709 14 0
                                    

Part-10

👑စေတန်နတ်ဆိုး၏။ကြင်ယာတော်
ဖြစ်လာခြင်း👑

ခမ်းနား ထည်ဝါပြီး ရဲတိုက်ကဲ့သို့မြင့်သော
Sky Line ဟုအမည်ရှိသော
အဆောက်အဦး တစ်နေရာတစ်ခုသို့
Demoရောက်ရှိနေပေသည်။

Sky Lineအဆောက်အဦးဆိုသည်မှာ ပိုက်ဆံရှိ
အထက်တန်းစာများသာ လာရောက်နိုင်သော
ရဲတိုက်သဖွယ်ဆောက်လုပ်ထားပြီး
တိုက်အမြင့်မှနေ၍ လှပသော ရှုခင်းများကို
ရှုမြင်နိုင်သော နေရာကောင်း တစ်နေရာပင်ဖြစ်သည်။

ထိုအဆောက်အအုံ၏။ အခန်းတစ်နေရာတွင်
Demoလည်း
အထာကျကျဖြင့် ဆိုဖာခုံတွင်ထိုင်ကာ
စျေးကြီးသော နှစ်ချို့ စဗျစ်ဝိုင်ပုလင်းကို ယူ၍
ဝိုင်ခွက်ထဲသို့ တစ်ဝက်ခန့် ထည့်လိုက်လေသည်။

ထိုအချိန်မှာပင်
ကောင်းကင်ကနေ ကျီးမဲ တစ်ကောင်ပျံဝဲလာကာ
ဝရံတာတန်းပေါ်တို့ ရောက်သောအခါ
လူအသွင်ပြောင်းလိုက်နေပြီးလျှင်

"အခု သလင်းကျောက် ကြောင့်
လူတွေအသေအပျောက်များတယ်ဆိုတာ
မင်းသိပြီးပြီလား?"

"Hk သိသားဘဲ လောဘကြောင့် သေတာလည်း
မဆန်းပါဘူး"

Demoလည်း ဝိုင်ခွက်ထဲသို့ရေခဲထည့်ကာ
လှုပ်၍ ပြောလိုက်နေလျှင်

"ဒါနဲ့ ဒီ သလင်းကျောက်တွေကို
မင်းဘယ်လိုပုံစံနဲ့ရအောင်ယူမှာလဲ?"

"ငါ့ဆီမှာ အခု သလင်းကျောက်ထက်
ပိုပြီးစိတ်ဝင်စားတဲ့အရာတစ့ခုကို
ငါရှာတွေ့ထားတယ် "

"ဟ...မင်းရဲ့ အစီစဉ်တွေ ပြောင်းသွားပြီ
ဆိုပါတော့"

Demoလည်း ရိန်း၏။
စကားကို ဘာမျှပြန်၍မပြောတော့ဘဲ
မချိုပြုံးပြုံးလျက်

ထိုအချိန် လွန်းမှ နောက်ဖေးတွင်
ပန်းသီးနွာနေပေ၏။

"Demo ကို တော့ မင်း
ယုံကြည်လို့မဖြစ်ဘူးသူ က တော်ဝင်သွေးကို
တစ်ခုခုလုပ်မှာတော့အမှန်ဘဲ
အဲ့အကောင်ကကောင်းတဲ့အကောင်းမဟုတ်ဘူး"

ဒီဝနပြောနေသည့်စကားကိုစဥ်းစား
နေရင်း
အတွေးနယ်လွန်သွားသော
လွန်း၏။လက်ကိုဓားရှသွားနေလျှင်

🌹 စေတန်နတ်ဆိုး၏။ ကြင်ယာတော်ဖြစ်လာခြင်း 🌹(completed)Where stories live. Discover now