1

655 47 0
                                    

ကျွန်မနာမည်ကတော့ မေမီမီမောင်ပါ။
‌ကျွန်မနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့သူကတော့
'ရွှေပြည်ကို'လို့ခေါ်တဲ့ ကျွန်မရဲ့တစ်ဉီးတည်းသော သူငယ်ချင်းလေး။
ကျွန်မတို့နှစ်ယောက်လုံးက 'ဆရာမပေါက်စလေး'‌ေတွဆိုပါတော့။
များမကြာမှီအချိန်မှာ စာစသင်ရတော့မှာပေါ့။
ခုတော့အားနေတဲ့အချိန်လေးခဏ..............

"ဟဲ့ ကို"

"ဟမ်......ဟမ်"
တစ်ခုခုကို လေးလေးနက်စဉ်းစားနေတဲ့သူက ကျွန်မခေါ်သံကြောင့်လန့်သွားပုံရတယ်။

"ဘာတွေအဲ့လောက်တောင် စဉ်းစားနေတာလဲ"

ငါစဉ်းစားနေတာလေ

အေး ပြောပါဉီး

"အခုဟာ မှာထားတဲ့မုန့်တွေကုန်ရင် ငါထပ်မှာစားရမလဲ စဉ်းစားနေတာဟ"

"ဖြောင်း"
တချက်လောက်ရိုက်လိုက္မှ မှတ်လောက်သားလောက်ရှိမှာ။
"နာတယ်ဟ"

"နင်ဟာလေ တကယ့်ကို အငတ်တိုင်းပြည်ကလာသလားဟယ် လက်ထဲမှာ ကိုင်ထားတဲ့ဟာဘဲ အရင်ကုန်အောင်စားပါဉီးလား"

"ကြည့်ဉီး တဖက်က ကော်ဖီခွက်နဲ့ နောက်တဖက်ကလဲကိတ်မုန့်နဲ့ ဒါတောင်အားမရသေးဘူး ဉီးနှောက်က နောက်အစားအစာကိုမျှော်မှန်းနေသေးတယ်"

"နင်ကလဲဟယ် ငါ့ကိုဆိုပြောမယ်ဆိုတာကြီးဘဲ နင်လဲဘာထူးလို့လဲ နင်လဲအငတ်ဘဲလေ ဘာကြွေးကြွေးအကုန်စားတာဘဲမဟုတ်ဘူးလား"

သူပြောတာလဲဟုတ်သ လိုလိုရှိပါရဲ့။ဒါပေမယ့်....

"ဟဲ့ ငါကတခုပြီးမှတခုလေ နင့်လိုတခုစားနေရင်းနောက်တခုထပ်စားဖို့စဉ်းစားမနေဘူး"

"နေပါဟယ် ငါပြောမလို့"

"ပြောဟယ် လောလောဆယ်လက်ထဲကဟာလေးစားလိုက်ဉီးမယ်"

"စားရင်း‌နားထောင်ဟယ်"

"အွန်း"

"ဟိုလေဟာ ငါတို့က နောက်လနေရင် ပညာရေးမှူးရုံးကတာဝန်ချ‌ေပးတဲ့နေရာကို သွားရတော့မှာလေ"

"အေးသိတယ်လေဟယ်"

"အခုမှပထမဆုံးဆိုတော့ ငါစိတ်လှုပ်ရှားလို့ဟ သွားဖို့အချိန်နီးလာလေ ပိုဆိုးလာလေဘဲ"

ကိုယ့်ဘဝရဲ့တစ်ဉီးတည်းသော(you are my only one)Where stories live. Discover now