3

404 45 2
                                    

"အူတတ်ပေါက်တာ.......ခွဲရမယ်"

"ရှင်.?"
နှစ်ယောက်လုံးစီမှ အာမေဍိတ်သံပြိုင်တူထွက်လာလေသည်။

"ဆရာမရေ အပေါ်ထပ်မှာ ဒေါက်တာခိုင့် ကိုသွားခေါ်လာခဲ့ အရေးကြီးလို့ခွဲစိတ်ခန်းကိုလိုက်လာခဲ့ပါလို့ သွားပြောချည်။"

"မေမီငါကြောက်တယ် ငါဗိုက္မခွဲရဲဘူး"

"စိတ်အေးအေးထားနော် ငါနင့်အနားမှာရှိတယ် ခဏလေးဘဲသည်းခံလိုက်ပါဟယ်"

ကျွန်မဒီလိုပြောပေးတော့ 'ကို့' မျက်နှာမှာကြောက်ရိပ်လေးအနည်းငယ်လျော့သွားဟန်ရှိသည်။
................

'ကို' ခွဲစိတ်ခန်းထဲဝင်သွားတော့ ကျွန်မ အပြင်မှာဘဲရပ်စောင့်ကျန်ခဲ့ရတယ်။ခွဲစိတ်တာအဆင်ပြေဖို့ ရသမျှဘုရားစာတွေကိုတတွတ်တွတ်ရွတ်နေရင်းလက်ထဲမှာကိုင်ထားတဲ့ဖုန်းကိုမြင်ပြီး 'ကို့'
အမေနဲ့အဖေကိုဖုန်းဆက်ဖို့သတိရသွားတယ်။

ဖုန်းcontactsထဲကိုဝင်ပြီး မှတ်ထားတဲ့ ကို့အမေရဲ့ဖုန်းနံပါတ်ကိုရှာကာ ခေါ်လိုက်လေသည်။

ဒူ......ဒူ......
ဖုန်းကဝင်သည့်တိုင်အောင်ချက်ချင်းမကိုင်ပေ။
နောက်တခေါ်က်ထပ်ခေါ်မှ....

ဟယ်လို....

"ဟယ်လို အန်တီခင် သမီးပါ"

"ပြောလေ သမီး"

"ဟို......"

ကျွန်မဘယ်လိုပြောရပါ့မလဲ 'ကို' သာကျွန်မနဲ့
လိုက္မလာဘူးဆိုရင်ခုလိုဖြစ်လောက္မှာမဟုတ်ဘူး။အန်တီတို့ကိုအားနာမိတာအမှန်ပါ။

"ပြောလေ သမီးရဲ့"

"ကို အူတတ်ပေါက်လို့ ဆေးရုံရောက်နေတယ် အန်တီခင်"

"ဘယ်လို သမီး အခု ဘယ်ဆေးရုံမှာလဲ အန်တီတို့ ခုလာခဲ့မယ် "
မိခင်တစ်ယောက်က သူရဲ့သားသမီးကိုဘယ်လောက်တောင်ချစ်ခင်သလဲဆိုတာ အန်တီခင့်ရဲ့အပြောအဆိုကိုနားထောင်တာနဲ့တင် ကျွန်မသိနိုင်ပါတယ်။
"ဟုတ်ကဲ့*.......*ဆေးရုံမှာပါအန်တီ"

"ဟုတ်ပြီ ဟုတ်ပြီ ခုလာပြီနော်"
...........
မိနစ်အနည်းငယ်ကြာတော့.......

"သမီးမေမီ"

"အန်တီခင်"

"ဘယ်လိုဖြစ်ရတာလဲကွယ် အခုရော သမီးလေးကဘယ်မှာလဲ"

ကိုယ့်ဘဝရဲ့တစ်ဉီးတည်းသော(you are my only one)Where stories live. Discover now