2

398 40 0
                                    

သွားဖို့၂ရက်အလို

"မေမီ လုပ်ပါဦးဟယ်"
အတင်းတွေလှုပ်နှိုးနေတဲ့ 'ကို'ကြောင့် အိပ်ရာထဲမှာဘေးတစောင်းနေရာမှလှည့်ကြည့်မိလိုက်ရာ

"ဟယ် 'ကို'ဘယ်လိုဖြစ်တာလဲ ချွေးစီးချွေးပေါက်တွေကျလို့ပါလား"

"ငါ့ ဗိုက်......ဗိုက်က.....အား ..နာတယ်
ငါဗိုက်တအားနာနေလို့"
မနဲအားယူပြီးပြောနေရတဲ့ 'ကို'

"ခဏလေး ဘယ်နှစ်နာရီထိုးပြီလဲမသိဘူး"
ဘေးမှာရှိတဲ့နာရီကိုတချက်လှမ်းကြည့်လိုက်တော့
"၁၀နာရီ ခဏစောင့်နော် ငါကားထွက်ငှားလိုက်ဉီးမယ် ကို ခဏလေးစောင့်နော်"

"အင်း အင်း"
မေမီ တယောက် အဆောင်အောက်သို့ပြေးဆင်းလာပြီး ဉီးဆုံးသွားမိသည့်နေရာကတော့ အဆောင်ပိုင်ရှင် အန်တီ၏အခန်းပင်။
"အန်တီရေ....အန်တီရေ "
"ဒုန်း.....ဒုန်း....ဒုန်း"(တံခါးခေါက္သံ)
"အန်တီရေ......"

"ဟယ် သမီး မေမီ ညကြီးအချိန်မတော်ဘာဖြစ်လာတာလဲ"

"အန်တီ အပေါ်မှာ ကို....ကို ဗိုက်တအားအောင့်နေလို့တဲ့ အဲ့တာ သမီး ကားသွားငှားမို့ တချက်လောက် ကို့ အနားသွားနေပေးပါလားဟင်"

"ဟယ် တော်တော် အောင့်နေတာလား အန်တီသွားလိုက္မယ် နော် "
ဟုတ်ကဲ့ အန်တီ ပြောရင်းပြေးထွက်သွားတဲ့ မေမီ့ကို
"ဟဲ့ သမီး ဂရုစိုက်သွားနော်" ဟု အန်တီမှ လှမ်းပြောလေသည်။

မေမီကတော့ မကြားနိုင်ဘဲ လမ်းထိပ်သို့ရောက်ရန်သာ စိတ်လောနေမိတယ်။

လမ်းထိပ်ရောက်သော်လည်း မိုးအနည်းငယ်ချုပ်လှပြီဖြစ်တာကြောင့် ကားက ဌား၍မရ။
လာသည့်ကားကိုတားသော်လည်းမရပ်ပေး။
တစ်စီး နှစ်စီး သုံးစီးမြောက်.....

"ဘယ်သွားမလို့လဲ သမီး"
အသက်၄၀ခန်းလောက်ရှိမည်ထင်ရသည့် ကားဆရာက မေမီအားမေ‌းလေသည်။

" ဦးလေး *..............*ဆေးရုံကိုသွားချင်လို့ပါ "

"ရပါတယ် တတ်ပါ"

"ဟိုလေ ဆေးရုံတတ်ရမယ့်သူက လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်လို့ အိမ်မှာ ကျန်ခဲ့လို့ပါ သူ့ကိုတချက်လောက် ခေါ်ပေးနိုင်မလားဟင်"

ကိုယ့်ဘဝရဲ့တစ်ဉီးတည်းသော(you are my only one)Where stories live. Discover now