~~Ring ! Ring ! ~~
မနက် ၈ နာရီ ..
Company သွားဖို့ အဝတ်အစားလဲ ပြင်ဆင်နေရင်း
စားပွဲပေါ်မှ မြည်လာတဲ့ ဖုန်းကို Tae Hyung
ခပ်သွက်သွက်ပင် ကိုင်လိုက်သည်။- " ဟုတ် ! Daddy !! "
- " ......... "
- " ဘယ်လိုဖြစ်ပြီးတော့ .... "
ကြားလိုက်ရတဲ့ သတင်းဆိုးက တကယ်ကို မယုံချင်
စရာ ..Jeon Jungkook က ကားတိုက်ခံရလို့ အရေးပေါ်မှာ
ရောက်နေတယ်တဲ့လား ..- " ဟုတ် ! ကျနော်တို့ လိုက်သွားလိုက်ပါ့မယ် "
Company မှာ အရေးအပေါ် အစည်းအဝေး ရှိတာမို့
Daddy က ကျနော်နဲ့ Seok Jin ကို သူ့အစား ဆေးရုံ
သွားခိုင်းနေခြင်း ..ဒါပေမယ့် ...
ဒီကိစ္စကို Seok Jin သိအောင် ကျနော် ဘယ်ကနေ ဘယ်လိုစပြီး ပြောရမှာလဲ ..
" ဘယ်သူ့ဆီကလဲ .. ယောင်း !! "
Bathroom ထဲမှ ထွက်လာတဲ့ Seok Jinက ခေါင်း
လျှော်ထားတဲ့ ဆံပင်တွေကို သုတ်နေရင်း လှမ်း
မေးလာသည်။" ဟို .. "
ပြောသင့်၊မပြောသင့် စဉ်းစားရင်း အကြပ်ရိုက်နေ
တာမို့ Tae Hyung စကား ဆက်ပြောဖို့ အထစ်ထစ်
အငေါ့ငေါ့ ဖြစ်ကာ မျက်စိမျက်နှာပင် ပျက်လို့ .." ဘယ်သူလဲ မေးတာကို မင်း ပုံစံကြီးက ဘာဖြစ်
နေတာလဲ ?! "ပြောရင်းဖြင့် ဗီရိုထဲက အင်္ကျီတစ်ထည် ယူဝတ်နေ
တဲ့ Seok Jin ..Tae Hyung စိတ်ရှုပ်ရှုပ်ဖြင့် ဆံပင်တွေ ထိုးဖွကာ
သက်ပြင်းသဲ့သဲ့ ရှိုက်လိုက်ပြီးမှ .." Jeon Jungkook !! "
နာမည်ကြားရုံနဲ့ ဘောင်းဘီ ကြယ်သီးတပ်နေတဲ့
သူ့လက်တွေက တုံ့ခနဲ ရပ်တန့်လို့ ..Tae Hyung မျက်နှာ အရိပ်အကဲကို အသေးစိတ်
ဖတ်ကြည့်နေရင်း ..ညက အိမ်မက်ဆိုးတွေကိုပါ ပြန်သတိရမိတော့
စိတ်ထဲ လေးလာပြီး ရင်တွေ မောလာလိုက်တာများ
YOU ARE READING
HE
Fiksi Penggemarမချစ်သင့်သော (သူ ) အား မှားယွင်းစွာ ချစ်မိခဲ့တဲ့နောက် ... Jeon jungkook ~ Kim seok jin ~ Park Jimin ~ Kim Tae Hyung ~ Min Yoongi Start Date - 13.11.2021 End Date - HE ✨