Episode 1

10.7K 656 24
                                    

"သားသား မားမားကိုဟင်းရွက်လာကူသင်ပါဦး"

"ဟုတ်ကဲ့"

ဧည့်ခန်းမှာဖုန်းထိုင်သုံးနေတဲ့သားဖြစ်သူကိုရှောင်းမိန်ကအော်ခေါ်လိုက်သည်။ရည်းစားရှိတာလည်းမဟုတ်ပဲနဲ့ တစ်နေ့တစ်နေ့ဖုန်းသုံးရတာအမော။

"သားသားရယ် မင်းမှာလည်းချစ်သူရည်းစားလည်းမရှိပဲ ဒီဖုန်းကိုအဆက်မပြတ်သုံးနေတာ။မားမားရဲ့သူငယ်ချင်းသမီးတွေထဲက တစ်ယောက်ရဲ့တွေ့ကြည့်ဆိုတာလည်းမတွေ့ဘူး"

လာပါပြီ မားမားရဲ့အလွတ်ရနေတဲ့စကားတွေ။
‌သူငယ်ချင်းရဲ့သမီးတွေနဲ့တွေ့တိုင်း မားမားမှာလမ်းဖောက်ရတာအမော။သူ့မှာကွေ့ဝိုက်ပြီးပတ်ရှောင်နေလည်း နောက်ဆုံးဒီဘူတာပဲဆိုက်လာတာပဲ။

"မားမားရယ် သားကအပူတွေမရှာချင်သေးလို့ပါ။မားမားနဲ့ပဲနေချင်သေးတာ..."

ဒါကရှောင်းကျန့်ရဲ့အလိမ်ညာစကားတစ်ခွန်းသာဖြစ်တယ်။အသက်၃၀နှစ်အရွယ်တစ်ကိုယ်ထဲ လူပျိုကြီးဆိုတာကအမည်ခံသပ်သပ်သာ။

တကယ်တော့လွန်ခဲ့တဲ့၃နှစ်ထဲက သူ့မှာဝမ်ရိပေါ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိ‌ခဲ့တာဖြစ်သည်။ဝမ်ရိပေါ်ဟာ အခုမှတက္ကသိုလ်ဒုတိယနှစ်သာရှိသေးတဲ့ လူပျိုပေါက်လေးဖြစ်၏။သူတို့စတွဲတုန်းကဆို ဝမ်ရိပေါ်ကအထက်တန်းကျောင်းသားအရွယ်သာရှိသေးသည်။ကလေးမုန့်ပေးကြိုက်မဟုတ်ပါဘူးနော်။ဝမ်ရိပေါ်ကသူ့ကိုအရင်စကြိုက်တာပါ။

"အပိုတွေ...အပိုတွေ"

"မားမားကလဲ..."

ရှောင်းမိန်းကဟင်းရွက်သင်နေတဲ့သားကိုကြည့်ကာ ခေါင်းခါသည်။

သားအမိနှစ်ယောက်စကားပြောကောင်းနေတုန်းအိမ်ရှေ့တံခါးကနေကျယ်လောင်သောဘဲလ်သံကိုကြားလိုက်ရ၏။

"အဖေကြီးထင်တယ်...တံခါးသွားဖွင့်လိုက်ဦးမယ်။ဟင်းအိုးကြည့်ထားဦးနော်...သားသား"

"ဟုတ်"

ရှောင်းမိန်းတံခါးဖွင့်လိုက်တော့ မရင်းနှီးတဲ့မျက်နှာနဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

"ဘာကိစ္စများရှိလို့လဲ..."

"ကျွန်တော်ကဘေးခန်းကိုပြောင်းလာတဲ့လူသစ်ပါခင်ဗျ။အိမ်ကဒီနေ့မှပြောင်းလာတော့ ဟင်းချက်ပစ္စည်းတွေကမစုံသေးလို့ အဲ့တာ...ဟင်းချက်ဝိုင်လေးငှားချင်လို့ဗျ"

ဆယ်နှစ်ငယ်တဲ့ငါ့ရည်းစားWhere stories live. Discover now