Episode 8

1.5K 108 19
                                    

ရိပေါ်မနက်အိပ်ယာနိုးလာတော့ ခေါင်းဟာ တစ်ဆစ်ဆစ်ကိုက်ခဲပြီးလူတစ်ကိုယ်လုံးနွမ်းနယ်နေခဲ့သည်။

"နိုးလာပြီလား....ခေါင်းကိုက်တာသက်သာသွားအောင် ဒါလေးသောက်လိုက်ဦး"

"အင်း...."

ရိပေါ်‌ ရှောင်းကျန့်ပေးသည့်ဆေးအားသောက်လိုက်ပြီး ရှောင်းကျန့်အားရင်ခွင်ထဲထည့်ပြီး နှဖူးလေးကိုမွှေးကြူလိုက်သည်။

"မောင်ညက ဘာတွေလုပ်မိသွားသေးလဲ ဘေဘီ"

"မောင်ဘာမှမမှတ်မိဘူးလား..."

"မောင်ဘာမှမမှတ်မိဘူးဘေဘီရယ်...ရိုးရာအရက်ကအဲ့လောက်ပြင်းမယ်မှန်းမသိခဲ့ဘူး"

"ဘာမှဝောာ့မလုပ်ခဲ့ပါဘူး ဒါပေမယ့်မောင့်ကို ပါးက ငပျော့လေးထင်သွားပြီ"

သူတို့နှစ်ယောက်ကချစ်သူတွေဆိုတာ မိဘတွေသိသွားပြီဖြစ်ကြောင်းကိုတော့ ရိပေါ်ကိုစချင်သေးသည်ကြောင့် ရှောင်းကျန့်မပြောသေးပေ။

"မောင် မပျော့မှန်း ဘေဘီသိပါတယ်"

"မင်းလည်းအဲတာပဲ တွေးနေအခုထတော့"

ရိပေါ်က အိပ်ယာကမထသေးဘဲ ရှောင်းကျန့်ကိုအိပ်ယာပေါ်ဆွဲချပြီး မျက်နှာအနှံ့ကိုလိုက်နမ်းတော့သည်။မျက်လုံးဖွင့်တာနဲ့ ဒီမျက်နှာလှလှလေးကိုမြင်ရတာကသိပ်ကိုကံကောင်းလွန်းလှသည်။မိဘတွေကိုမြန်မြန်ပြောပြီး ကျောင်းပြီးတာနဲ့လက်ထပ်ချင်လှပြီ။

"ထတော့..မနက်စာစားဖို့အတွက်ပါးနဲ့မားကမင်းကိုစောင့်နေကြတယ်"

ရှောင်းကျန့်ကရိပေါ်ရင်ခွင်ထဲကရုန်းထွက်ကာ သူ့အင်္ကျီတွေကိုပြင်ဆင်ရင်း သွားတိုက်တံအသစ်တစ်ချောင်းကို ရိပေါ်ကိုပေးသည်။

"မြန်မြန်လုပ်တော့နော်.."

"အင်းပါ...ဘေဘီရဲ့"

🎐

"အဲတော့ မင်းရည်းစားက မင်းမိဘတွေသိသွားတယ်ဆိုတာ မမှတ်မိဘူးပေါ့"

ရှောင်းကျန့်ကခေါင်းညိမ့်သည်။ဒါကို ကျန်းချန်ကြည့်ကာ အတွဲတွေအကြောင်းကိုနားမလည်နိုင်တော့ချေ။အဆိုးဆုံးက ရှောင်းကျန့်ပဲ။မိဘတွေသိသွားတယ်ဆိုတာကို ပြောပြလိုက်လည်းရတာပဲ ဘာတွေများမပြောသေးရတာလဲ။

"မင်းနားမလည်ပါဘူး ကျန်းချန်ရာ
ငါသူအံ့ဩသွားတဲ့ပုံစံကိုကြည့်ချင်သေးလို့"

"အေး..အေး ကိုယ်ဇာတ်ကိုယ်နိုင်အောင်ကနိုင်ရင်တော့လုပ်ကြပေါ့"

ကျန်းချန်ကခေါင်းအသာခါလိုက်သည်။သူနဲ့ကျန်းချန်နဲ့စကားပြောနေတုန်း ရိပေါ်ဆီကနေစာဝင်လာခဲ့၏။

"မောင် ဒီညအခန်းပြန်မလာတော့ဘူးနော်
စိတ်ပူနေမှာစိုးလို့ ဒီနေ့ပရော့ဂျက်အတွက် ဟောက်ရွှမ်း‌အိမ်မှာပဲအိပ်လိုက်တော့မလို့"

ရှောင်းကျန့်ရိပေါ်ကိုစာပြန်လိုက်ပြီး ‌ဖုန်းကိုပိတ်လိုက်သည်။ဟောက်ရွှမ်းအိမ်မှာ ပရော့ဂျက်လုပ်တာကအမြဲလုပ်နေကြပဲဖြစ်တာကြောင့် ရှောင်းကျန့်ထွေထွေထူးထူးစိတ်ပူစရာမျိုးမလိုချေ။

ဝမ့်ရှင်းရီနဲ့သဝန်တိုတယ်ဆိုပေမဲ့ အဲဒီကောင်မလေးအကြောင်း ရှောင်းကျန့်သိပြီးသားပင်။အရင်ကရိပေါ်ကိုကြိုက်ခဲ့တာမှန်ပေမယ့် ကလေးမလေးက ကိုယ့်စည်းနဲ့ကိုယ်နေတာ။ပြီးတော့ အထက်တန်းကတည်းက သူငယ်ချင်းတွေမဟုတ်လား။

🎐

နှစ်ယောက်လုံးကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်‌ေနကြတာ‌ေကြာင့် ရိပေါ်နဲ့စကားမပြောဖြစ်။‌ရှောင်းကျန့်အားတော့မှ movieတွေကြည့်နေရင်းကနေ WeChat momentထဲဝင်ကြည့်တဲ့အချိန် ဟောက်ရွှမ်းpostအသစ်တင်ထားတာကိုမြင်လိုက်ရ၏။

အိမ်မှာအဖွဲ့လိုက် ပရော့ဂျက်လုပ်နေကြသည့် ပုံပင်။ဘာမှထူးဆန်းမနေပေမယ့် ပုံထဲမှာရှောင်းကျန့်တစ်ခါမှမမြင်ဖူးတဲ့ မျက်နှာစိမ်းကောင်လေးကိုတွေ့လိုက်ရသည်။မေဂျာက ဂျူနီယာလေးဖြစ်လောက်မှာလို့တွေးမိပေမယ့် ထိုကောင်လေးဟာ ရိပေါ်နဲ့ကပ်လွန်းနေတာကြောင့် ရှောင်းကျန့်စိတ်ထဲ တစ်မျိုးဖြစ်သွားစေသည်။

ဒီအချိန်မှာပဲ ရိပေါ်ဆီကအချိန်ကိုက်ဖုန်းဝင်လာခဲ့သည်။

"ဘေဘီ..ညစာစားပြီးပြီလား"

"စားပြီးပြီ...မင်းရော.."

"ဘေဘီကိုလွမ်းလို့ သိပ်စားမဝင်ပါဘူး"

"အပိုတွေသိပ်ပြောတာနော် ဂျူနီယာလေးတွေနဲ့ပြုံးဖြီးနေပြီး.."

ရှောင်းကျန့်သဝန်တိုနေတာသိတာကြောင့် ရိပေါ်ကရယ်လိုက်သည်။

"ဘေဘီ...မောင့်ကိုသဝန်တိုနေတာပဲ"

"သွားစမ်းပါ...ပရော့ဂျက်ကိုအကောင်းဆုံးလုပ်။ဒါပဲ..ဒါပဲ"

"ပေါ်ကော..."

ရှောင်းကျန့်ဖုန်းချခါနီး ရိပေါ်မဟုတ်တဲ့ တစ်ဖက်ကချိုချိုအီအီအသံတစ်ခုကိုကြားလိုက်ရသည်။အခုခေတ်ကလေးတွေက ဒီလိုမျိုးအသံတွေလုပ်ရတာကြိုက်ကြတာလား။

ဆယ်နှစ်ငယ်တဲ့ငါ့ရည်းစားWhere stories live. Discover now